၁၅   မေ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Black Pink”ရဲ့ တေးဗီဒီယို “As If It's Your Last” ဟာ လတ်တလောမှာတော့ ကြည့်ရှုသူပရိသတ် သန်း ၃၀ဝ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ တေးဗီဒီယိုဟာ အဖွဲ့ရဲ့ တေးဗီဒီယိုတွေအနက် ပရိသတ် သန်း ၃၀ဝ ကျော်ခဲ့တဲ့ ဒုတိယမြောက် တေးဗီဒီယို ဖြစ်လာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေ ၁၄ ရက် နံနက်အစောပိုင်းမှာတော့ “As If It's Your Last” တေးဗီဒီယိုဟာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းတေးဗီဒီယိုကို ယူကျုပေါ်မှာ ထုတ်လွှင့်ပြသခဲ့ရာမှာတော့ ကြည့်ရှုသူပရိသတ် သန်း ၃၀ဝ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာလည်း အဖွဲ့ရဲ့ “BOOMBAYAH”တေးဗီဒီယိုဟာလည်း ပရိသတ် သန်း ၃၀ဝ ကျော်ခဲ့တာပါ။ ဒါကြောင့် လတ်တလောမှာတော့ “Black Pink”ရဲ့ တေးဗီဒီယိုနှစ်ခုဟာ ကြည့်ရှုသူ သန်း ၃၀ဝ ကျော်ခဲ့ပြီဖြစ်ပါတယ်။

 

“As If It's Your Last” ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဲဒီအချိန် ကတည်းက တေးဂီတဇယားတွေကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၄၆ ရက်အတွင်း ကြည့်ရှုသူပရိသတ် သန်း ၁၀ဝ ကျော်ခဲ့ကာ ယူကျုရဲ့ ကမ္ဘာ့တေးဂီတဇယားမှာလည်း နွေရာသီရဲ့ အကျော်ကြားဆုံးသော တေးသီချင်း ၂၅ ပုဒ်မှာ ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ယူကျုပေါ်မှာ ကြည့်ရှုသူပရိသတ် သန်း ၃၀ဝ ကျော်ခဲ့ပြီဖြစ်တဲ့ အခြားသော ကေပေါ့ပ်တေးဗီဒီယိုတွေကတော့ “BIGBANG”ရဲ့ “Bang Bang Bang”နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာမှ ပြည့်မြောက်ခဲ့တဲ့ “Fantastic Baby”၊ “BTS”ရဲ့ “DNA”၊ “Fire”နဲ့ “Drope”နဲ့ “TWICE”ရဲ့ “TT”တို့ဖြစ်ကြကြောင်းလည်း သိရပါတယ်။

 

အေးပြည့်