ခြူးစန္ဒီနွေး

ဖေဖော်ဝါရီ ၂၉ ရက် နံနက်ခင်းမှာတော့ တူရကီ - ဂရိ နယ်စပ်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအကြား ပဋိပက္ခတွေအကြီးအကျယ်ဖြစ် နေကြပါတယ်။
ပြဿနာကြီးလာ
ဒါကိုကြည့်မယ်ဆိုရင် ရွှေ့ပြောင်းနေထိုင်သူများ အရေးမှာ ပြဿနာတွေကြီးလာပြီဆိုတာကို တွေ့မြင်နိုင် ပါတယ်။ ဂရိနယ်စပ် စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ကက်စ်တနီ မှာ ပုံမှန်အားဖြင့်တော့ ငြိမ်ငြိမ်သက်သက်ရှိတဲ့ နေရာတစ်ခု ပါပဲ။ ဒါပေမယ့် အခုအခါမှာတော့ ဂရိရဲတွေနဲ့ လုံခြုံရေး အရာရှိတွေဟာ မျက်ရည်ယိုဗုံးတွေကို အသုံးပြုပြီး လူစုခွဲ နေရပါတယ်။
နောက်ပြီးတော့ နယ်စပ်ခြံစည်းရိုးရဲ့ အနောက်ဘက် ကနေ ရွှေ့ပြောင်းနေထိုင်သူတွေကို နောက်ဆုတ်ဖို့၊ ရှေ့ဆက်မတိုးကြဖို့ ပြောနေရပါတယ်။ နိုင်ငံအသီးသီးက လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၀၀၀ ခန့်မှာ တူရကီ ဘက်ခြမ်းကနေ ဂရိဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစားနေ ကြတဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။ လူပေါင်း ၅၀ဝ ခန့် ကတော့ နယ်စပ်နှစ်ခုကြားမှာ ပိတ်မိနေပါတယ်။ အချို့ သောလူတွေဟာ သူတို့ကိုဖြတ်သန်းခွင့်ပြုဖို့ အော်ဟစ် နေကြတယ်။ အခုအချိန်ထိတော့ဒီလူတွေဟာ တူရကီ နိုင်ငံမှာပဲ ရှိနေသေးပါတယ်။
နယ်စပ်တံခါးတွေဖွင့်ပေးမယ်
ဖေဖော်ဝါရီ ၂၉ ရက်မှာတော့ တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန်ဟာ ဥရောပကိုသွားမယ့် ရွှေ့ပြောင်း ဒုက္ခသည်တွေအတွက် တူရကီနယ်စပ်တံခါးကို ဖွင့်ပေး လိုက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဘာလို့လဲဆိုရင် တူရကီနိုင်ငံအတွင်း လှိမ့်ဝင်လာတဲ့ ဆီးရီးယားမှ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဆက်လက်ပြီး ထိန်းမထားနိုင်တော့ဘူးလို့ သမ္မတအာဒိုဂန်က ပြောပါတယ်။
တူရကီသမ္မတဟာ ဟိုးအရင်အချိန်ကတည်းက ရွှေ့ ပြောင်းဒုက္ခသည်တွေကို ဆက်လက်ထိန်းမထားတော့ဘဲ နယ်စပ်တံခါးတွေ ဖွင့်ပေးလိုက်တော့မယ်ဆိုပြီး ခြိမ်း ခြောက်ခဲ့ဖူးပါတယ်။ တူရကီရဲ့တောင်းဆိုချက်တွေကို ဥရောပသမဂ္ဂက အရေးတယူပြုပေးဖို့ ခြိမ်းခြောက်မှု ပြုခဲ့တာပါ။
ကတိမတည်ကြ
တူရကီနိုင်ငံအတွင်းမှာ သန်းနဲ့ချီနေတဲ့ ဆီးရီးယား ဒုက္ခသည်တွေရှိနေပြီး ဒီလူတွေရဲ့အရေးကို ကိုင်တွယ် ဖြေရှင်းပေးဖို့ ဥရောပသမဂ္ဂကနေ တူရကီကို ထောက်ပံ့ ကူညီမှုတွေပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် လည်း ဥရောပခေါင်းဆောင်တွေဟာ သူတို့ပေးထားတဲ့ ကတိကို မတည်ကြဘူးလို့ သမ္မတ အာဒိုဂန်က စွပ်စွဲခဲ့ပါ တယ်။
နောက်ပြီးတော့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ရုရှားနဲ့ ဆီးရီးယားအစိုးရတပ်တွေကို တူရကီတပ်က ရင်ဆိုင်ရာမှာလည်း အကူအညီပေးဖို့ ဥရောပကို အကျပ် ကိုင် တောင်းဆိုခဲ့ပါတယ်။ ဆီးရီးယားအစိုးရတပ်ရဲ့ ထိုးစစ် ဆင်မှုကြောင့် သန်းနဲ့ချီတဲ့ ဆီးရီးယားပြည်သူတွေဟာ တူရကီနယ်စပ်ကို ဦးတည်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ပြီး တူရကီမှာ ရောက်နှင့်နေပြီးသားဖြစ်တဲ့ ဆီးရီးယား ဒုက္ခသည် ၃ ဒသမ ၆ သန်း အတွက်လည်း အကူအညီတွေ ပိုမိုပေးအပ်ဖို့ တောင်းခံခဲ့ပါတယ်။
ဂရိကျွန်းတွေဆီ ဦးတည်
နယ်စပ်မှာ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ကြောင့် မစ္စတာအာဒိုဂန်ရဲ့တောင်းဆိုမှုကို ပိုပြီးအရေးတယူ ဖြစ်လာစေခဲ့တယ်။ ဥရောပနဲ့ ထိစပ်နေတဲ့တူရကီ နယ်စပ် တွေမှာတော့ အလုပ်တွေရှုပ်လာပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဘတ်စ်ကား အခမဲ့စီးခွင့်နဲ့အတူ တူရကီအရာရှိတွေက နယ်စပ်အထိ လိုက်ပို့ပေးခဲ့ပါတယ်။
ဥရောပနယ်စပ်မှာတော့ သူတို့ကို ဝင်ခွင့်မပေးဘဲ နှိမ်နင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ တွေဟာ ဂရိကျွန်းတွေဆီကို သွားမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ တူရကီ ကမ်းရိုးတန်းကို ဦးတည်သွားနေပါတယ်။ ဒါပေမယ့် လည်း ရာသီဥတုဆိုးရွားမှုကြောင့် အနည်းငယ်သာ ရောက် ရှိပါသေးတယ်။
ညလုံးပေါက် ဖြေရှင်းခဲ့ရ
၂၀၁၅ ခုနှစ်က ရွှေ့ပြောင်းနေထိုင်သူ ပြဿနာဟာ လည်း တူရကီရဲ့ကူညီမှုကြောင့်သာ ပြေလည်ခဲ့ရပါတယ်။ ဆီးရီးယားဒုက္ခသည်တွေကတော့ တူရကီရဲ့လုပ်ဆောင် ပေးမှုတွေကို ဟာသနှောပြီး ပြောခဲ့ပါတယ်။ တူရကီတွေဟာ နယ်စပ်ကို လိုက်ပို့ရုံတင်မကဘဲ လူမှောင်ခိုသမားတွေရဲ့ဖုန်းနံပါတ်တွေကိုပါ လူသိရှင်ကြား အသိပေးသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
ကုလသမဂ္ဂ အေဂျင်စီတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင် ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်းကတော့ လူပေါင်း ၁၀၀၀ဝ ဟာ ဥရောပကို ရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တူရကီမြောက်ပိုင်းနယ်စပ်တွေဆီ ဦးတည်သွားနေကြ တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂရိရဲတွေကတော့ မိုင် ၅၀ ရှည် လျားတဲ့နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းနေကြတဲ့ ရွှေ့ ပြောင်းနေထိုင်သူ လူပေါင်း ၄၀၀ဝ ခန့်ကို သူတို့ဟာ တစ်ည လုံး ဖြေရှင်းနေရတယ်လို့ ဖေဖော်ဝါရီ ၂၉ ရက်က ပြောကြား ခဲ့ပါတယ်။
ခဲယဉ်းမယ့် ကိစ္စ
ဒါပေမယ့် အနည်းငယ်ကတော့ အောင်မြင်စွာဖြတ်သန်း နိုင်ပြီး ဂရိထဲကို ဝင်လာပြီလို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ ဂရိရဲတွေဟာ ကက်စ်တနီ စစ်ဆေးရေးဂိတ်မှာ ရွှေ့ပြောင်း နေထိုင်သူတွေကို တားဆီးနိုင်ခဲ့ပေမယ့် နယ်စပ်ကြီး တစ်ခု လုံးကို ကာကွယ်ဖို့ကတော့ အတော်လေးကို ခဲယဉ်းမယ့် ကိစ္စပါပဲ။ ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးဟာ ဂရိနယ်စပ် ကိုကျော်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေကြတဲ့ အခု ဂရိနိုင်ငံရဲ့ဖြစ်ရပ်က ကိုယ့်နိုင်ငံရဲ့ နယ်စပ်ကို ကာကွယ်ပေး နေရတာတင်မကဘူး။ ဥရောပကိုပါ အကာအကွယ်ပေး နေရတာပါလို့ ဂရိအစိုးရပြောရေးဆိုခွင့်ရှိသူ စတီလီယို ပက်ဆက်က ပြောပါတယ်။
နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာတဲ့ လူပေါင်း ၆၆ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီလိုမျိုးအခြေအနေနဲ့ ကြုံတွေ့နေရ ပေမယ့် ဆီးရီးယားနိုင်ငံ အီဒလစ်က အခြေအနေတွေကို တော့ ဘယ်သူမှ ဘာမှမလုပ်ကြဘူးလို့ သူက ပြောပါတယ်။
တူရကီပြည်သူတွေရဲ့မကျေနပ်မှု
ရုရှားက ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီး ယား အစိုးရတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက် မှုကြောင့် တူရကီတပ်ဖွဲ့ဝင်တွေ သေဆုံးပြီးတဲ့နောက်မှာ တူရကီ သမ္မတက နယ်စပ်တွေကို ဖွင့်ပေးမယ်ဆိုပြီး ပြောကြားခဲ့ တာပဲ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တူရကီ တပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဆီးရီးယားသူပုန်တပ်တွေ ခြေကုပ်ယူထားတဲ့ အီဒလစ်မှာ ပြဿနာတွေ ကြီးထွားလာတဲ့အတွက် တူရကီ သမ္မတ အာဒိုဂန်လည်း အကျပ်တွေ့နေရပါတယ်။ ဆီးရီးယား သူပုန်တပ်တွေကို တူရကီအစိုးရက အထောက်အပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လတာအတွင်း တူရကီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံး ခဲ့ရပြီးပါပြီ။
ဒါကြောင့်လည်း တူရကီပြည်သူတွေဟာ မကျေနပ်မှု တွေ မြင့်တက်လာပါတယ်။ နောက်ပြီး ပြည်တွင်းမှာလည်း စီပွားရေးအကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ဆီးရီးယား ဒုက္ခသည်တွေအပေါ် မကျေနပ်မှုတွေ မြင့်တက်လာပါ တယ်။
လိုလားမှာ မဟုတ်
သမ္မတ အာဒိုဂန်အနေနဲ့ ဒီလိုအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့အချိန် ဆီးရီးယားအရေးမှာ ဥရောပနိုင်ငံ တွေက သူ့ဘက်ကနေရပ်တည်ပေးဖို့ တောင်းဆိုခဲ့တာပါ။ သူ့ရဲ့တောင်းဆိုမှု လျစ်လျူရှုခံရတယ်လို့ ခံစားလာရတဲ့ အခါမှာတော့ နယ်စပ်တွေ ဖွင့်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။
လက်ရှိ ဂရိနယ်စပ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခကြီးမားနေပါတယ်။ ၂၀၁၅ ခုနှစ် ရွှေ့ပြောင်း နေထိုင်သူ အရေးလိုမျိုး ထပ်ဖြစ်လာမှာကိုတော့ ဥရောပ ကလည်း လိုလားမှာ မဟုတ်ပါဘူး။ ။
ကိုးကား - နယူးယောက်တိုင်းမ်စ်
မြန်မာ့အလင်း