ရန်ကုန်  ၁၃  ဇန်နဝါရီ 

 

``အောင်သီရိ´´ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးသည့် ``သရဲသင်္ဘော ´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြို မိတ်ဆက်ပွဲ အဖြစ် အဆိုပါ ရုပ်ရှင် ဇာတ်ကားကို ယနေ့နံနက် ၇ နာရီခွဲက  ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

111

 

ဇာတ်လမ်းနှင့် ဒါရိုက်တာ ရာဇဝင်ကိုက `` သရဲနဲ့ ဟာသ ပေါင်းစပ်ထားပြီး သင်္ဘောပေါ်မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားလေးပါ။ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်မှာ ရိုက်ထားတာပါ။ မိုးရာသီမှာ သင်္ဘောပေါ်မှာ ရိုက်ခဲ့ရတာဆိုတော့ မိုးတိတ်မယ့် အချိန်ကို စောင်ပြီးရိုက်ခဲ့ရတယ်။ ကင်မရာတည်တဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ အနေအထား မျိုးရဖို့ အခက်အခဲ တွေရှိခဲ့တယ်။   ကြိုတင်ပြင်ဆင်မှု အပိုင်းတွေ အများကြီး လုပ်ပြီးမှ ရိုက်ခဲ့ရတာပါ´´ ဟုပြောသည်။ 

 

အဆိုပါ ဇာတ်ကားတွင် ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက်၊ ဆုအိမ့်စံ၊ ဧရာ၊ ငြိမ်းချမ်း၊ ဇော်ဝင်းနိုင်(မန်း)၊ ဝါဝါအောင်၊ ကေညီ၊ ဖိုးသဲ၊ သီဟနှင့် အနုပညာရှင်များစွာပါဝင်ပြီး ရယ်ရွှင်ဖွယ်ရာ သရဲနှင့် ဟာသပေါင်းစပ် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

 

222

 

သရုပ်ဆောင် သွန်းဆက် က ``ဒီကားထဲမှာပါဝင်တဲ့ ဇာတ်ရုပ်ကတော့ သရဲမ ကြောက်တတ်ဘူး။ သတ္တိရှိတဲ့ပုံစံမျိုးပါ။ အပြင်မှာကတော့ သရဲဆိုရင် တော်တော် ကြောက်တတ်တယ်။ ဒါ့ကြောင့် တော်ရုံတန်ရုံ သရဲဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်း ရင်တောင် မရိုက်ဖြစ်ဘူး။ ဒီကားလေးကတော့ ဟာသကားလေး ဖြစ်တဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ´´ ဟုပြောသည်။

 

ဇော်ဝင်းနိုင်(မန်း) က `` သင်္ဘောပေါ်မှာဖြစ်ပျက်သွားတဲ့ ပြဿနာလေးတွေနဲ့ ရီစရာလေးတွေ လုပ်ထားတာပါ။ တစ်ကားလုံး အမှတ်တရတွေပါပဲ။ ဒီဇာတ်ကားထဲမှာ ကတော့ ကျွန်တော်က စုံထောက်ရူး ရူးနေတဲ့ သူပါ။ ပူရတဲ့ အထဲ ကုတ်အင်္ကျ ီအမည်း ကြီး ဝတ်၊ မှန်ဘီလူးကြီးကိုင် ပြီး ဟိုရှာ၊ ဒီရှာလုပ်တဲ့ ဇာတ်ရုပ်မျိုးပါ´´ ဟုပြောသည်။

 

ယင်းဇာတ်ကားသည် သင်္ဘော ပေါ်မှာရိုက်ခဲ့သည့် ဇာတ်လမ်းဖြစ်သည့် အတွက် ပျော်ရွှင်စရာကောင်းပြီး အမှတ်တရ များစွာရှိခဲ့ကြောင်း၊ ဟာသ သရဲဇာတ်ကား ဖြစ်သည့်အတွက် လာရောက်ကြည့်ရှုကြသူများ အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားကာ ပျော်ရွှင်ကြရလိမ့်မည်ဖြစ်ကြောင်း သရုပ်ဆောင် ဆုအိမ့်စံ က ဆိုသည်။

 

ရုပ်ရုင် သရုပ်ဆောင် တစ်ဦး၏ မွေးနေ့ပွဲကို   သင်္ဘောပျော်၌ကျင်းပစဉ် မွေးနေ့ပွဲသို့ တက်ရောက်လာကြသည့် ပရိတ်သတ်များ အမှတ်တရ ဖြစ်စေရန်နှင့် ပျော်ရွှင်မှု များရရှိစေရန်အတွက် ဖန်တီးပြီး သရဲခြောက်ရာမှ စတင်ခဲ့သည့် ရယ်မောပျော်ရွှင်ဖွယ်ကောင်းသော ဟာသသရဲဇာတ်ကား ဖြစ်သည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

222