မင်္ဂလာဒုံ ၂၁ မေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပတ္တမြားကျေးရွာရှိ ခေတ်မီးအိမ်လူငယ်ဖွံ့ဖြိုး ရေးစာကြည့်တိုက်အတွက် ၂၀၁၈ခုနှစ် မေလ ၁၇ ရက်နေ့ နံနက်က သရုပ်ဆောင်ဇဏ်ခီနှင့် ဒါရိုက်တာခရစ္စတီးနားခီတို့ ဇနီးမောင်နှံမှ ကွန်ပျူတာ(၂)လုံး လာရောက် လှူဒါန်းခဲ့သည်။

ပတ္တမြားကျေးရွာရှိ ခေတ်မီးအိမ် လူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားမည့် ပညာဒါနကွန်ပျူတာသင်တန်းအတွက် Dell ကွန်ပျူတာအမျိုးအစား (၂)လုံးကို ခီမောင်နှံမှ လာရောက်လှူဒါန်းပေးခဲ့ပြီး ခေတ်မီးအိမ်လူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက် ဥက္ကဌ ဦးဇော်မင်းဦးက “ခေတ်မီးအိမ်လူငယ်ဖွံ့ဖြိုးရေး စာကြည့် တိုက်အနေဖြင့် မိမိရပ်ကွက်၊ ကျေးရွာအတွင်းမှာရှိတဲ့ လူငယ်တွေနှင့် မိဘပြည်သူများကို အသိပညာဗဟုသုတများ ရရှိယုံသာမက IT နည်းပညာများကိုပါ သင်ယူတက်မြောက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများကို စာကြည့်တိုက်တွင် အခမဲ့ပညာဒါနအဖြစ် သင်ကြားပေးနေ ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ခေတ်မီးအိမ်လူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက် ဥက္ကဌ ဦးဇော်မင်းဦးမှ သရုပ်ဆောင်ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်းဦး(ပြန်/ဆက်)