၂၃ မေ

 

မကြာခင်မှာ ထွက်ရှိတော့မယ့် ဘောလိဝုဒ်စတား ဆယ်မန်ခန်းရဲ့ဇာတ်ကားသစ်ဖြစ်တဲ့ Race-3 ဟာပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားနေတာကို တွေ့ရပါတယ်။ ဇာတ်ကားကောင်းတွေကိုပဲ ဖန်တီးထုတ်လုပ်လေ့ရှိတဲ့ ဆယ်မန်ခန်းဟာ Race-3 ဇာတ်ကားကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။

 

Race-3 ဇာတ်ကားနမူနာကို မကြာသေးခင်ကမှ ထုတ်လွှင့်ခဲ့ပြီး ဆယ်မန်ခန်ရဲ့ပ ရိသတ်တွေက ကြိုက်နှစ်သက်ကြတယ်ဆိုတဲ့ ရလဒ်ကောင်းတွေ ရရှိထားပါတယ်။ အခုလည်းရုပ်ရှင်ရိုက်ကူးသူတွေက Race-3  ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ကို ထုတ်လွှင့်ပြသဖို့ စီစဉ်ထားကြပါတယ်။ သီချင်းခေါင်းစဉ်ကတော့ Hiriye ပါ။ အဲဒီသီချင်းမှာ မင်းသမီးဂျာကူလင်ရဲ့ အကအလှတွေကို မြင်တွေ့ရမှာပါ။

 

Race-3 ဇာတ်ကားရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအခန်းကို ပေါက်ကြားမှာစိုးတဲ့အတွက် ရိုက်ကူးသူတွေဟာ အဆုံးသတ်အခန်းကို အမျိုးမျိုးရိုက်ကူးထားမှာ ဖြစ်တယ်။ ဒါမှလည်းတကယ့်ဇာတ်သိမ်းခန်းက ဘာလဲဆိုတာ မပေါက်ကြားမှာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားမှာ ဆယ်မန်ခန်း၊ အန်နီရယ်ကပူးလ်၊ ဘော်ဘီ၊ ဒေစီဆာ့ရှ်၊ ဂျာကူလင်ဖာနန်ဒက် အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

 

Race-3  ဇာတ်ကားကို ၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး သူ့အရင် ဇာတ်ကားတွေလိုပဲ အောင်ပွဲခံနိုင်မလားဆိုတာကတော့ မကြာခင်မှာပဲ သိရတော့မှာပါ။

 

အီးတိုင်းမ်