၂၆ မေ

ချမ်းချမ်း၊ အမွန်း၊ ရွယ်ရွယ်၊ ဆုထက်လှိုင်၊ လွန်းဇောင်းစသည့် နာမည်ရှိအဆိုတော်များနှင့်အတူ မျိုးဆက်သစ်ဂီတလူငယ်များနှင့် ဖန်တီးပုံဖော်ထားသော ကိုယ်ပိုင်သံစဉ်တေးသီချင်းများ ပါဝင်သည့် “Best of the best” ဟုအမည်ပေးထားသော တေးစီးရီးခွေကို Heaven Melody Entertainment မှ စီစဉ်ပြီး Pro Music တေးထုတ်လုပ်ရေးမှ ထုတ်လုပ်ထားကြောင်း သိရသည်။

 

“အခုနောက်ပိုင်းမှာ ကိုယ်ပိုင်သံစဉ်တွေက နည်းလာတယ်၊ ဒီလိုရှားပါးတဲ့ကြားက ကိုယ်ပိုင်သံစဉ်လို့ ပြောလိုက်ရင်တော် တော်များများက နားမထောင်ချင်ကြဘူး၊ ကော်ပီသီချင်းတွေ အားသာတဲ့ အချိန်ကမကုန်ဆုံး သေးဘူးလေ၊ အဆိုတော်တွေတင်မဟုတ်ဘူး၊ တေးရေးဆရာတွေဆိုရင်လည်း ကော်ပီသီချင်းရေးဆရာတွေ အများဆုံးထွက်ပေါ်လာနေတယ်၊ အဆိုပြိုင်ပွဲတွေဆိုရင်လည်း ကော်ပီသီချင်းတွေနဲ့ ပြိုင်ကြတယ်၊ ထုတ်လုပ်သူတွေဘက်က လွယ်လွယ်နဲ့အောင်မြင်နိုင်မယ့် လမ်းကိုရွေးချယ်ကြတဲ့အတွက် ကော်ပီသံစဉ်တွေဟာ ပလူပျံနေအောင်ကြားနေခဲ့ရတာ၊ ဒါကြောင့် အခုကျွန်တော်တို့လည်း တတ်စွမ်းသမျှသံစဉ်အသစ်တွေကို ဖန်တီးဖြစ်ခဲ့တယ်၊ ကိုယ်ပိုင်သံစဉ်ရဲ့ အနှစ်သာရကို ကြိုးစားပြီး အကောင်အထည်ဖော်ထားပါတယ်” ဟု Heaven Mel ody Entertainment မှ တာဝန်ရှိသူက ပြောသည်။

 

အဆိုပါတေးစီးရီးတွင် တေးသီချင်း ၁၆ ပုဒ်ပါဝင်ပြီး ဇင်သီ၊ ထူးကြီး၊ တီလေး၊ နေမင်း၊ Pop Diamond နှင့် လူငယ်တေးရေးဆရာအသစ်များက ရေးဖွဲ့ပေးထားကြကြောင်း သိရသည်။ တေးစီးရီးကို မေ ၃၁ ရက်တွင် MMN Music မှ ဖြန့်ချိမည် ဖစ်ပြီး တေးသံရှင်များက ဇွန် ၂ ရက် ညနေတွင် ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင်လည်းကောင်း၊ ဇွန် ၃ ရက် ညနေတွင် မန္တလေးမြို့ မနောရမ္မံအားကစားကွင်းတွင်လည်းကောင်း ပရိသတ်များအားလက်မှတ်ရေးထိုးပေးပြီးတေးသီချင်းများ သီဆိုဖျော်ဖြေသွားမည်ဟု သိရသည်။

 

ကိုလင်း