နေပြည်တော်  ၆  စက်တင်ဘာ 

 

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် HEINEKEN Myanmar Co.,Ltd အဖွဲ့နှင့် ယနေ့မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် HEINEKEN Myanmar Co.,Ltd မှ လက်ရှိကျင့်သုံးနေသော အခွန်စနစ်၊ တားမြစ်ချက်များ၊ တရားမဝင်ထုတ်လုပ်ရောင်းချမှုများ တားဆီးထိန်းချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ထုတ်လုပ်သူများ၏ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)