သံတောင်ကြီး ၁၀ မတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ရှိ ပသိခန်းမ အကြီးစား ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ ၄ နာရီက ကရင်ပြည်နယ် ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးကာ လုပ်ငန်းဆောင်ရွက်မှု လိုအပ်ချက်များအား မှာကြားခဲ့သည်။
အဆိုပါ ပသိခန်းမအကြီးစား ပြင်ဆင်မှုကို သံတောင်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ပြင်ဆင်ဆောင်ရွက်ပြီး ခွင့်ပြုငွေကျပ် သိန်း ၁၃၀၀ ဖြစ်ကာ လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
Holy (ပြန်/ဆက်)