၁၅ ဇွန်
အဆိုတော် ခရစ်ဘရောင်းဟာ ပါတီမှာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီအမျိုးသမီးရဲ့နာမည်ကတော့ ကတ်ဆန်ဒါပဲဖြစ်တယ်။ လော့အိန်ဂျလေမြို့မှာ ပြုလုပ်တဲ့ ပါတီပွဲမှာ ခရစ်ဘရောင်းက သူ့ကိုရိုက်နှက်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပဲဖြစ်တယ်။ ခရစ်ဘရောင်းဟာ မေလအတွင်းကလည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေလည်း ရှိနေပါသေးတယ်။ ခရစ်ဘရောင်းရဲ့ အချစ်ဟောင်းဖြစ်တဲ့ အဆိုတော် ရီဟားနားကတော့ ခရစ်ဘရောင်းတစ်ယောက် ဒီပြသနာတွေကို အဆင်ပြေပြေနဲ့ ကျော်လွှားနိုင်ဖို့ မျှော်လင့်လျက်ရှိတယ်လို့ သူနဲ့ရင်းနှီးသူတွေက ဟောလိဝုဒ်လိုက်ဖ်ကို ပြောပါတယ်။
ရီဟားနားဟာ ခရစ်ဘရောင်းနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ကြားရတာကို စိတ်ရှုပ်နေတယ်။ ဒီလိုပြသနာမျိုးတွေ ကြုံတွေ့လာရင် ခရစ်ဘရောင်းဟာ လွယ်လွယ်နဲ့ စွပ်စွဲလို့ရတဲ့ ပစ်မှတ်ဖြစ်နေတယ်။ ဘာလို့ဒီလို တွေးရတာလည်းဆိုတော့ ရီဟားနားဟာ ခရီးဘရောင်းကို ဒီလိုလူမျိုးဆိုတာ လက်မခံချင်ဘူး ဖြစ်နေတာပါလို့ ရင်းနှီးသူတွေကပြောပါတယ်။ ရီဟားနားဟာ ခရစ်ဘရောင်းနဲ့ လမ်းခွဲခဲ့ပြီး ဖြစ်ပေမယ့် အခုအချိန်ထိ ခရစ်ကို ဂရုစိုက်ဆဲပါပဲ။ ဒီလိုမျိုး စွပ်စွဲမှုတွေကြားတိုင်း ရီဟားနား စိတ်ထိခိုက်ရပါတယ်။ ခရစ်ဘရောင်းနဲ့ပြန်ပြီး လက်မတွဲတော့ပေမယ့် သူ့ဘဝလေး အေးအေးချမ်းချမ်း ရှိနေတာကိုပဲ မြင်ချင်တယ်လို့ ရီဟားနားနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။ ရီဟားနားနဲ့ ခရစ်ဘရောင်းတို့ဟာ ၂၀ဝ၅ ခုနှစ်ကတည်းက အချင်းချင်းသိခဲ့ကြတာဖြစ်ပြီး ၂၀ဝ၈ ခုနှစ်ကျမှ လူသိရှင်ကြား တွဲခဲ့ကြပါတယ်။ ဒါပေမယ့်လည်း၂၀ဝ၉ ခုနှစ်မှာ ခရစ်ဘရောင်းရဲ့ ရိုက်နှက်မှုတွေကြောင့် လမ်းခွဲခဲ့ကြပါတယ်။
ကိုးကား-ဟောလိဝုဒ်လိုက်ဖ်