မန္တလေး ၁၈ ဇွန် 

 

သီချင်းအေးအေးလေးတွေကို ခံစားမှုအပြည့်နဲ့သီဆို ဖျော်ဖြေ ပေးနေပြီး ၊ ဖန်တီးမှုအား ကောင်းကောင်းနဲ့ ကချင်တေးစီးရီး တွေထွက်ရှိထားတဲ့  အဆိုတော် မရန်ဆိုင်းနော်ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့ပါတယ်။

 

 

မေး။  ။ လက်တလော အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးသိချင်ပါတယ်။ 

 

ဖြေ။ ။ခုလောလောဆယ်တော့ Miss Universe Mandalay ပြိုင်ပွဲအတွက်လုပ်နေ ပါတယ်။ ကျွန်တော်ရဲ့ Live Show လုပ်ဖို့ရှိပါတယ်။ လာမယ့်ဒီဇင်ဘာမှာလည်း Music Festival လုပ်ဖို့ရှိပါတယ်။ အဲအတွက်ကိုပြင်ဆင်နေပါတယ်။ ပြီးရင် အမေရိကားကို Tour သွားဖို့ရှိပါတယ်။

 

မေး။ ။ Live Show ကို ဘယ်တော့လောက်လုပ်ဖြစ်မလဲ။

 

ဖြေ။ ။သြဂုတ်လထဲမှာလုပ်ဖို့ရှိပါတယ်။ ဒါကို တရားဝင် ကြေငြာပေး ပါ့မယ်။

 

မေး။ ။သီချင်းအသစ်တွေပါအုံးမလား။ ဘယ်လိုသီချင်းတွေသီဆိုမလဲ။

 

ဖြေ။ ။ သီချင်းက အသစ်ရော ၊ အဟောင်းရော အားလုံးပါပါမယ်။ သီချင်းအသစ်တွေက ပေါ့သီချင်းတွေပါမယ်။ ဒီနောက်ပိုင်းမှာ ပေါ့နဲ့ ဂျက် ကိုကြိုက်နေတဲ့အတွက် ပေါ့ ပုံစံတွေ ပါတာ များပါ့မယ်။

 

မေး။ ။တိုင်းရင်းသားသီချင်းတွေရောပါမလား။

 

ဖြေ။ ။ တိုင်းရင်းသားသီချင်းက ပြီးခဲ့တဲ့နှစ်က ထွက်ထားတဲ့ ကျွန်တော့ရဲ့ valentine album ကို အမ်တီဗီ ရိုက်ဖို့ရှိပါတယ်။ အဲဒီအတွက်ကိုစလုပ်နေပါပြီ။

 

မေး။ ။တခြားအနုပညာလှုပ်ရှားမှုတွေ ရှိရင်လည်းပြောပြပေးပါ။

 

ဖြေ။ ။ခုလောလောဆယ်တော့ Show တွေအတွက် ခရီးတွေထွက်နေတယ်။ အရင်ကတော့ ခွေလုပ်လိုက်၊ ဇာတ်ကားတွေရိုက်လိုက်ပါ။ ခုနောက်ပိုင်းတော့ ဇာတ်ကားတော့မရိုက်တော့ဘူး။ ခုလောလောဆယ် Miss ပြိုင်ပွဲတွေကိုဦးစီးပြီး လုပ်ပေးနေပါတယ်။ အဓိကကတော့ သီချင်းဆိုတာပဲ အဓိကထားလုပ်နေပါတယ်။ ကျေးဇူးတင်ပါတယ်။

 

အိမို့မို့ခိုင်