လေရှီး  ၁၄  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ကျင်းပသည့် ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကြီးတွင် နာဂရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် နာဂရိုးရာအကအဖွဲ့(၃၇)ဖွဲ့ကို ဖိတ်ကြားထား ကြောင်း နာဂရိုးရာ ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌ ဦးအောင်ထွဋ် ၏ ပြောကြားချက်အရ သိရသည်။

 

256653

 

'' ရိုးရာနှစ်သစ်ကူးပွဲတော်ကို  စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက် မျိုးနွယ်စုအလိုက် ရိုးရာအက အဖွဲ့တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေကို ဖိတ်ကြားထားပါတယ်၊ ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကတော့ တေးသီချင်းတွေ ဖျော်ဖြေတာတွေ၊ ဖက်ရှင်ပြပွဲတွေကို ထည့်သွင်းထားတယ်၊ ရိုးရာအကအဖွဲ့တွေကတော့ မျိုးနွယ်စုရိုးရာအကတွေ ကို ဖျော်ဖြေကြမှာပါ'' ဟု နာဂရိုးရာ ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌ ဦးအောင်ထွဋ် ကပြောသည်။

 

အကအဖွဲ့တွေ (၂ဝ)ကျော်ဖိတ်ကြားထားပြီး  အကအဖွဲ့တစ်ဖွဲ့လျှင် အင်အား ၅ဝ ပါဝင်သည့် ရိုးရာအက အဖွဲ့ ၁၇ ဖွဲ့၊  အခြားတိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ပြန့်နှံ့ရောက်ရှိနေသော  နာဂတိုင်းရင်းသားများ ဖွဲ့စည်းထားသည့် နာဂတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ၂ဝ၊ စုစုပေါင်း (၃၇)ဖွဲ့ကို ဖိတ်ကြားထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)