၂၉ ဇွန်

 

မင်းသားဂျွန်နီဒပ်နှင့် ဗင်နက်ဆာ ပါရာဒိုက်စ်တို့ရဲ့သား ဂျက်ဟာ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာ နဲ့ရင်ဆိုင်နေရပါတယ်။ အဲဒီအတွက် မိခင်ဖြစ်သူဗင်နက်ဆာဟာသူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင် ပြသတဲ့ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အင်္ဂါနေ့မှာပဲရစ်မှာ ရုံတင်ခဲ့တဲ့ Knife+Heart ဆိုတဲ့ဇာတ်ကားရုံတင်ပွဲကို မသွားလိုက်ရပါဘူး။ အဲဒီဇာတ်ကားရဲ့ဒါရိုက်တာ ယန်ဂွန်ဇယ် ကတော့ ဂျွန်နီဒပ် တို့ရဲ့ ၁၆ နှစ်အရွယ်ရှိတဲ့ သားနေမကောင်းဖြစ်ရတာ သတင်းဆိုးတစ်ခုကို ကြားလိုက်ရတာပါပဲလို့ ပြောပါတယ်။ “ဗင်နက်ဆာဟာ သူ့သားနေမကောင်းတဲ့အတွက် ကျွန်တော်တို့နဲ့အတူ ရုပ်ရှင်ပထမဦးဆုံးပွဲကို မလာခဲ့နိုင်ပါဘူး။”လို့ ဒါရိုက်တာ ယန် ကပြောပါတယ်။

 

ဂျွန်နီဒပ်နဲ့ ဗင်နက်ဆာတို့ဟာ၁၉၉၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိအတူတွဲခဲ့ကြပြီး သူတို့နှစ်ဦးမှာ ၁၆ နှစ်အရွယ်သားဖြစ်သူ ဂျက်နဲ့ အသက်၁၉ နှစ်အရွယ်လီလီရိုစ် လို့ခေါ်တဲ့သမီးတစ်ဦးရှိပါတယ်။ ဟောလိဝုဒ်စ တားစုံတွဲဟာ သူတို့ရဲ့သားဖြစ်သူရဲ့ ကျန်းမာရေးကို ဘယ်တုန်းကမှ လူသိရှင်ကြားထုတ်ပြောတာမျိုး မရှိပါဘူး။ ဂျောနီဒပ်ကလည်းလက်ရှိမှာ သူ့ရဲ့ဂီတအဖွဲ့ဖြစ်တဲ့ Hollywood Vampires နှင့်အတူ နယ်လှည့်ဖျော်ဖြေပွဲတွေ လုပ်နေပေမယ့် သားဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူရဲ့ပွဲတွေကိုရပ်နားထားပါတယ်။

 

ခြူးစန္ဒီနွေး

ကိုးကား-ဟောလိဝုဒ်လိုက်ဖ်