၃၀ ဇွန်
ဂျပန်နိုင်ငံကနေထုတ်လုပ်တဲ့ ကမ္ဘာ့တံဆိပ်တစ်ခုဖြစ်လာတဲ့ Hello Kitty တံဆိပ် ဟာ ဒီကနေ့မှာတော့ Hello Kitty ကျဉ်ဆံရထား ဟာ ဒီကနေ့ ဂျပန်နိုင်ငံအနောက်ပိုင်းဒေသတွေမှာ စတင်ပြေးဆွဲနေပါပြီဖြစ်ပါတယ်။
ဖူကူအိုကာရှိ ဟာကာတာ ဘူတာရုံ ကနေ အိုဆာကာ ကို ပြေးဆွဲတဲ့ Hello Kitty ကျဉ်ဆံရထားမှာ လက်မှတ်စစ် သူကိုယ်တိုင်ကလည်း Hello Kitty ဝတ်စုံအပြည့် ကို ဝတ်ထားပါတယ်။ အဲဒီဖွင့်ပွဲကို ကြည့်ရှုတဲ့သူ ၄၀ဝ လောက် ရှိတဲ့လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားထားပါတယ်။
Hello Kitty ကျဉ်ဆံရထား ဟာ လာမယ့် ၃ လ လုံး ဂျပန်နိုင်ငံ အနောက်ပိုင်းမြို့တွေဖြစ်တဲ့ အိုဆာကာ နဲ့ ဖူကူအိုကာကို ပြေးဆွဲမှာဖြစ်ကြောင်း ဒါဟာလည်း ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မယ်လို့ ဂျပန်မီးရထားကုမ္ပဏီက ပြောပါတယ်။
ရထားရဲ့ အတွင်းပိုင်းမှာ Hello Kitty ရဲ့ အပြုံးတွေက ပြတင်းပေါက်မှာတိုင်းမှာ ရှိသလို လူတစ်ရပ်စာ ရှိတဲ့ Hello Kitty ပုံတွေကိုလည်း Hello Kitty ကြိုက်တဲ့သူတွေ ဆယ်ဖီ ရိုက်နိုင်အောင် လုပ်ထားပေးပါတယ်။
၂၀၁၅ ခုနစ်တုန်းက ဟယ်ရီပေါ်တာကျဉ်ဆံရထားက အိုဆာကာ ကနေ ကာဂိုရှီးမားကို ပြေးဆွဲခဲ့ဖူးပါတယ်။
MDN
ကိုးကား - AFP