ကျိုင်းတုံ ၃၀ ဇွန်
ကျိုင်းတုံလူငယ်စင်တာမှ ဦးဆောင်သော ဒုတိယအကြိမ် မယ်စင်္ကြာဝဠာ ကျိုင်းတုံပြိုင်ပွဲဝင်များအား စာနယ်ဇင်း သတင်းမီဒီယာများသို့ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားကို ကျိုင်းတုံမြို့နယ် အမေးဇင်းဟော်တယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံလူငယ်စင်တာမှ ဥက္ကဋ္ဌ ဒေါက်တာယုစန္ဒာမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များအား စလွယ်အပ်နှံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ပေးသည်။ ထိုနောက်သတင်းမီဒီယာများမှ သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ပြိုင်ပွဲဝင်များမှာမိုင်းခတ်(၂)ဦး၊ မိုင်းယန်း(၂)ဦး၊ မိုင်းဖြတ်(၁)ဦးနှင့် ကျိုင်းတုံ(၁၀)ဦး ပေါင်း(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကျိုင်းတုံမြို့မ အားကစားကွင်းတွင် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်