ပခုက္ကူ ၂၇ မတ်
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကာကွယ်ကုသ၊ ထိန်းချုပ်ရေးတွင် အသုံးပြုရန် PPE ဝတ်စုံ ပေးအပ်ပွဲလှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ပခုက္ကူမြို့၊ အာယုသုခဆရာတော် ဦးပညာဇောတက PPE ဝတ်စုံ ၂၀ စုံကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေနှင့် ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဝင်းနိုင်တို့ထံ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါဝတ်စုံ (၂၀)စုံကို COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)