ရန်ကုန် ၇ ဒီဇင်ဘာ
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ စည်းလုံးညီညွတ်မှုနဲ့ နေထိုင်မှုပုံစံကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာသိအောင် ပြသသွားမည့် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" ပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် ဝင်ကြေးအခမဲ့ဖြင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသား လူမျိုးတစ်စုချင်းစီ၏ အကအလှများ၊ တိုင်းရင်းသားအလှမယ် ရွေးချယ်ပွဲကြီး (Miss Ethnic Myanmar 2019)၊ တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းများ၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်မည့် နေရာများ၊ အခြားဖျော်ဖြေတင်ဆက်မှုပေါင်းများစွာ နှင့်အတူ ၆ ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
MDN