လေရှီး  ၁၄  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နာဂတိုင်းရင်းသား မျိုးနွယ်စုများအဖြစ် တန်ကွန်၊ မကူရီ၊ ပါရာ၊ ကိုကာ့၊ လောင်ဖူးရီ၊ ခရမ်ညူငန်စသည့် မျိုးနွယ်စု (၆) စုရှိပြီး မျိုးနွယ်စုအလိုက် ရိုးရာအကများ၊ အားကစားနည်းများရှိရာ တန်ကွန်မျိုးနွယ်စုတို့၏ ရိုးရာအားကစားနည်းဖြစ်သော နပန်းသတ်ပွဲကို ပွဲတော်ကာလအတွင်း စိတ်ဝင်စားသူ များပြားလျက်ရှိကြောင်း သိရသည်။

 

mdn

 

တန်ကွန်နာဂမျိုးနွယ်စု၏ ရိုးရာအားကစားနည်းဖြစ်သော နပန်းသတ်ပွဲတွင် ယှဉ်ပြိုင်ကြမည့် အင်အားကို ''မ'' ဂဏန်းအရေအတွက်အတိုင်း ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး အဖမ်းအဖွဲ့နှင့် အကာအဖွဲ့ဟူ၍ နှစ်ဖွဲ့ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ  ဒိုင်ချုပ်တစ်ဦး၊ အကူဒိုင်(၂)ဦးတို့ဖြင့် ကြီးကြပ်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပွားက ဒိုင်လူကြီး၏ အဆုံးအဖြတ်သည် အတည်အဖြစ် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။
 

mdn

 

'' ရိုးရာနပန်းသတ်ပွဲဆိုတာ ချိန်းပြီးတော့ ပွဲတော်တစ်ခုအနေနဲ့ ကျင်းပတာပါ၊ တန်ကွန်နာဂ မျိုးနွယ်စုရဲ့ ရိုးရာအားကစားတစ်ခုဖြစ်ပါတယ်၊ ရပ်ကွက်မှာတကယ်သတ္တိရှိတယ်၊ ရင်ဆိုင်နိုင်တဲ့သူတွေကို လေ့ကျင့်ပေးတယ်၊ အချိန်ယူတယ်ဆိုတာက ကျွန်တော်တို့ အခုလိုရာသီပွဲတော်တွေမှာ ယှဉ်ပြိုင်ဖို့ရှိမယ်ဆိုရင် ပါဝင်ယှဉ်ပြိုင်မဲ့ လူငယ်တွေကို တစ်ပတ်မှာ တစ်ကြိမ်၊ ပွဲနီးလာရင်တော့ ရက်ဆက်လေ့ကျင့်ရပါတယ်၊ အကာအဖွဲ့က စနစ်တကျနဲ့ ကာနိုင်တယ်ဆိုရင် ကာတဲ့အဖွဲ့ကနိုင်တယ်၊ ဖမ်းတဲ့အဖွဲ့ကလည်း စနစ်တကျနဲ့ နည်းစနစ်အတိုင်း ဖမ်းနိုင်တယ်ဆိုရင် ဖမ်းတဲ့အဖွဲ့ကနိုင်ပါတယ်၊ အဓိကကတော့ နည်းစနစ်ပိုင်နိုင်ဖို့၊ ကျန်းမာကြံ့ခိုင်ဖို့၊ စည်းလုံးညီညွတ်ဖို့လိုတယ်'' ဟု ရိုးရာနပန်းသတ်ပွဲနှင့်ပတ်သက်ပြီး နာဂရိုးရာယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ ဦးရာပေါ့က ပြောသည်။

 

mdn

 

၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ လာရောက်လည်ပတ်ကြသည့် ဒေသခံပြည်သူများ ပွဲတော်အတွင်း ကျင်းပသည့် ရိုးရာနပန်းသတ်ပွဲကို စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)