ဟားခါး ၁၅ ဇန်နဝါရီ    


ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(DRD)နှင့် ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG)တို့ ပူးပေါင်း၍ ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်းထူထောင်ရေး အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လိုက်လျောညီထွေရှိစေခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက ဟားခါးမြို့ CACC ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။


ထို့နောက် ဟားခါးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်မှု တိုးတက်ကောင်းမွန်စေရေးနှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမှု ရှိစေနိုင်ရေး၊ သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါ  သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၅ ဦး တက်ရောက်ကာ သင်တန်းကာလမှာ  ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


မြင့်နိုင်စိုး(ထီးလှိုင်မြေ)