၁၅ ဇန်နဝါရီ

တရုတ်ရဲတပ်ဖွဲ့သည် လူခုနှစ်ဦးထက်မနည်းကို ကလေးငယ်များ မှောင်ခိုကုန်ကူးမှုသံသယဖြင့်  ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံ ကုန်းတွင်းဒေသရှိ အဝေးပြေးလမ်းမကြီး၏ တိုးဂိတ်တစ်ခုတွင် မော်တော်ယာဉ် တစ်စီးပေါ်၌ လူသုံးဦးကို ချက်ကြိုးမဖြတ်ရသေးသည့် မွေးကင်းစ မိန်ကလေးငယ်တစ်ဦးနှင့်အတူ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ကလေးငယ်လေးကို ယမန်နေ့က ပန်းခြံတစ်ခုအတွင်း တွေ့ရှိခဲ့ကြောင်း ၎င်းတို့က ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးမှူးများက ကလေးငယ်၏ ဈေးနှုန်းနှင့် အရွယ်အစားနှင့်ပတ်သက်၍ ၎င်းတို့သုံးဦးအနက် လူတစ်ဦးက မိုဘိုင်းလ်ဖုန်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်သည့်မှတ်တမ်းများကို တွေ့ရှိပြီးနောက် ၎င်းတို့က လူကုန်ကူးခဲ့ကြောင်း ဝန်ခံခဲ့သည်။

ကလေးမှောင်ခိုကုန်ကူးသည်ဟု သံသယရှိသူများက သုံးရက်သားကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် လေးဦးထက်မနည်းကို အမေရိကန်ဒေါ်လာ ၁၂၀ဝ၀ဖြင့် မှောင်ခိုကုန်ကူးခဲ့သည်ဟု ဆိုသည်။

ကလေးသူငယ်များအား လူကုန်ကူးမှုမှာ မိသားစုစီးပွားရေး အဆင်မပြေမှုကြောင့် တရုတ်နိုင်ငံရှိ ကျေးလက် ဒေသအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဌာနက ၂၀၁၈ခုနှစ်တွင် ထုတ်ပြန်သော လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် တရုတ်နိုင်ငံကို အဆိုးရွားဆုံးအဆင့် သတ်မှတ်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn