မြစ်ကြီးနား ၃၀  နိုဝင်ဘာ

 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈) တတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦး တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် အစားခန့်အပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပြည်နယ်လွှတ်တော်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

 

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ်၏ ပြည်ထောင်စုလမ်းမကြီး ဖြစ်သော ပူတာအိုခရိုင်နှင့် မြစ်ကြီးနားခရိုင်ချင်းဆက်လမ်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမပေါ်၌ မန်းပြည်တံခွန် ကုမ္ပဏီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် Box Culvert များသည် အရည်အသွေး မပြည့်မီသောကြောင့် ကွဲအက်ပြိုကျ၊ ပျက်စီးခြင်းများ ဖြစ်နေပါသဖြင့် အစိုးရမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်း၊ ဖားကန့်မြို့တွင်းနှင့် လုံးခင်၊ ဆိပ်မူ၊ နန့်မဖြစ်တို့တွင် မူလကတပ်ဆင်ထားသော ဆက်သွယ်ရေး တယ်လီဖုန်းများသည် ကြိုးများ အဆင်မပြေခြင်းနှင့် အခြားဆက်သွယ်ရေးများ အဆင်မပြေခြင်းများ ဖြစ်နေသောကြောင့် အဆင့်မြှင့်တင်ပေးသွားရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် ဆော့လော်မြို့နယ် မြို့မရပ်ကွက်တွင် သောက်သုံးရေခက်ခဲသဖြင့် ပြည်သူများ သောက်သုံးရေ စနစ်တကျရရှိနိုင်ရန် သောက်သုံးရေ သွယ်ယူခြင်းလုပ်ငန်း ပေ ၈၀ဝဝ အား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းများ အပါအဝင် မေးခွန်း ၁၄ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အစည်အဝေးတတိယနေ့ကို ရပ်နားကာ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအဝေး (၁/၂၀၁၈)ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)