နေပြည်တော် ၆ ဒီဇင်ဘာ
ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် Mr. Per Kristian Foss ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နော်ဝေ- မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် အကူအညီများပေးနိုင်ရေး၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အစီရင်ခံစာ များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသောကိစ္စရပ်များ၊ နော်ဝေနိုင်ငံမှ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသော စာရင်း စစ်ဥပဒေ၊ နည်းပညာအတွေ့အကြုံများနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက်များ အပေါ်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)ဦးအောင်မင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးစောသန်းထွဋ်တို့နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)