နေပြည်တော် ၆ ဒီဇင်ဘာ
UNDP Township Democratic Local Governance Programme (TDLG) ၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှအမျိုးသမီးရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁၀၁) ဦးနှင့် UNDP TDLG အဖွဲ့မှ(၈) ဦးစုစုပေါင်း (၁၀၉) ဦးတို့သည် အမျိုးသားလွှတ်တော်သို့ ဒီဇင်ဘာ ၆ ရက်တွင် လာရောက်လေ့လာကြောင်း သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသား လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၇၃၀၄) ဦး နှင့် ပြည်ပဧည့်သည် (၁၇၃၃) ဦးရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)