မိုင်းယန်း ၆ ဇူလိုင်   

 

မိုင်းယန်းမြို့တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်က အခြေခံပညာ အထက်တန်းကျောင်း (မိုင်းယန်း) ရတနာခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်မှ အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပြသပေးသော ဆရာ၊ ဆရာမ ၃ ဦးနှင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူးတို့မှ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကာ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေးအထောက်အကူပြု စံပြမေးခွန်းဟောင်း အပြည့်အစုံနှင့် ဘာသာစုံ အဖြေစာအုပ်များ၊ မေးခွန်းပုံစံသစ်နှင့် စံပြလမ်းညွှန် ဖြေဆိုချက် ဘာသာစုံ စာအုပ်များကိုလည်း ပေးအပ်ခဲ့သည်။

 

ထို့နောက် စာမေးပွဲအောင်ချက်မြင့်မားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘတို့အား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တွေ့ဆုံဆွေးနွေးကာ ယခု ၂၀၁၉ ပညာသင်နှစ် အောင်ချက်မြင့်မားစေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်