ကျောက်မဲ ၈ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ကိုယ်ပိုင်တီထွင်ကြံဆ တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ပူးပေါင်း၍ KG တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပြီးကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၆ ကျောင်းမှ KG ကလေးငယ် ၃၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကလေးများအားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ကေသွယ်ဟန်၊ မြိုနယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သဲမိုမိုစိုးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)