မင်းတပ်  ၁၃  မေ

 

မင်းတပ်မြို့တွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ () ဦးအား သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ကျား ()ဦး၊ မ () ဦးတို့မှာ အရှေ့ပြင်ရပ်ကွက်၊ ကြုံလောင်းကျေးရွာ၊ ကြာလေလှိုင်းကျေးရွာနှင့် ဝေလောင်းကျေးရွာမှ ပြည်သူများဖြစ်ပြီး ၎င်းတို့ကို မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ် () နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့တွင် Facility Quarantine (၂၁) ရက် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်းတို့ ()ဦးအား ကျန်းမာရေးဝန်ထမ်းများနှင့် မင်းတပ်ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းကို ယမန်နေ့ ညနေ နာရီက မြို့အဝင်ဂိတ်၌ ဆောင်ရွက်ခဲ့သည်။

 

မင်းတပ်ခရိုင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်ဝင်းနိုင် က မင်းတပ်မြို့ လူငယ်သင်တန်း ကျောင်း အမှတ်()မှာ အသွားအလာ ကန့်သတ်ထားရှိတဲ့ တရုတ်နိုင်ငံကနေ ပြန်လာသူ ၁၁ ဦးမှာ ကိုဗစ်၁၉ ရောဂါပိုး မရှိကြောင်း ဓာတ်ခွဲအဖြေထွက်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့ Quarantine (၂၁) ရက်ပြည့်အောင် နေရမှာပါဟု ပြောသည်။

 

မင်းတပ်မြို့၌ ၁၀ နာရီမှ နံနက် နာရီအတွင်း ညမထွက်ရအမိန့်ကို ဧပြီ ၂၈ ရက်တွင် စတင်ထုတ်ပြန်ထားပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းများ ပူးပေါင်း၍ မြို့တွင်း အသွားအလာများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)