ထွန်းသစ်စ - ရေးသားသည်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖော်ထုတ်ဖို့ ဥရောပအင်အားကြီးခေါင်းဆောင်တွေအပြင် ဂျပန်နိုင်ငံ၊ ကနေဒါ ိုင်ငံတို့ကလည်း အများအပြားထည့်ဝင်မှုတွေ ပြုလုပ်မယ်လို့ ကတိပြုထားသလို ဘီလ်နဲ့ မယ်လင်ဒါဂိတ် တို့ကလည်း အားကျမခံထည့်ဝင်လှူဒါန်းကြမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ စုပေါင်းညီညွတ်မှုပဲဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရော့စ် အက်ဒါနွမ်ဂီဘရီယက်စ်ဆုစ်က ပြောပါတယ်။
ဗိုင်းရပ်စ်မြစ်ဖျားခံမှုနဲ့အတူ ဒီနှစ်ကုန် ကာကွယ်ဆေးရမယ်
ထို့အတူ အမေရိကန်ကလည်း ကိုဗစ် -၁၉ ကာကွယ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဦးဆောင် အခန်းကဏ္ဍက ပါဝင်မယ်လို့ ကြေညာလိုက် သလို ကာကွယ်ဆေးဖော်ဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို အသုံးပြုပြီး အမေရိကန်ဆေး ကုမ္ပဏီတွေနဲ့အတူ ကြိုးစားမယ်လို့ဆိုထား ပါတယ်။ မကြာသေးမီကလည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီနှစ်ကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။
ကိုဗစ် -၁၉ ရောဂါဟာ လွန်ခဲ့တဲ့နှစ် နှောင်းပိုင်း ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း မြို့တစ်မြို့ဖြစ်တဲ့ ဝူဟန်က စတင်မြစ်ဖျားခံလာခဲ့ပါတယ်။ အခုဆိုရင် ဟန်ကနေ စလာတဲ့ ကိုဗစ် -၁၉ဟာ ကမ္ဘာ့ နိုင်ငံ တွေ အားလုံးနီးပါး အလျင်အမြန်ကူးစက် ပျံ့နှံ့ လာခဲ့ပြီး အခုဆိုရင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ပေါင်းဟာ ၄၇၃၃၃၄၉ ဦးထက် ကျော်လာ ခဲ့ပြီဖြစ်သလို ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ ဦးရေဟာလည်း ၃၁၃၃၈၄ ဦးအထိ ရောက်ရှိ လာခဲ့ပါပြီ။ ထို့အတူ ကိုဗစ် -၁၉ ဟာ ကမ္ဘာ့ စီးပွားရေးကိုလည်း ပျက်သုဉ်းစေခဲ့သလို ကမ္ဘာ့ လူဦးရေ ထက်ဝက် ကျော်လောက်လည်း အသွားအလာကန့်သတ်မှု တစ်မျိုးမျိုးနဲ့ နေထိုင်နေရပါတယ်။
ကိုဗစ်ခံစား နိုင်ငံများ
လတ်တလော ကိုဗစ် -၁၉ အဆိုးဆုံး ခံစားခဲ့ရတဲ့ နိုင်ငံစာရင်းမှာ အမေရိကန်ဟာ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကာ ကိုဗစ် -၁၉ အတည်ပြုလူနာပေါင်း ၁၄၈၇၀၇၆ ဦးရှိပြီး သေဆုံးသူအရေအတွက်ဟာလည်း ၈၆၀၃ ဦး ကျော်လာပါပြီ။ ထို့အတူစပိန်နိုင်ငံဟာလည်း အရိကန်ပြီးရင် ကိုယ် -၁၉ ကို အဆိုး ဆုံးခံစားခဲ့ရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်လာ ပါတယ်။ ကိုဗစ် -၁၉ ကို တတိယအဆိုးဆုံး ခံစားခဲ့ရတဲ့နိုင်ငံကတော့ နိုင်ငံဖြစ်လာပါတယ်။ ထို့နောက်တွင်တော့ ဗြိတိန်၊ အီတလီ၊ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီနဲ့ အီရန်နိုင်ငံ တို့လည်း ကိုဗစ်-၁၉ ခံစားခဲ့ရတဲ့ တန်ဒီနိုင်ငံ ဇယားမှာ အစဉ်လိုက်ပါဝင်လာကြတာပဲ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံ ဟာ အဆိုးဆုံးခံစားခဲ့ရတဲ့ နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ၁၇၀၂၅ ဦးနဲ့ သေဆုံးသူ ၁၀၉ ဦးအထိရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပမာဏအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ စင်ကာပူနိုင်ငံဟာ ကိုဗစ်-၁၉ ကူး စက် မှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း ကူးစက်အတည်ပြု လူနာ ၂၇၃၅၆ ဦးနဲ့ သေဆုံးသူ ၂၁ ဦးရှိလာခဲ့ပါတယ်။ ထို့နောက် ဖိလစ်ပိုင်း၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့အစဉ်လိုက် ကိုဗစ်-၁၉ကူးစက်မှု ကို ခံစားခဲ့ရပါတယ်။
သက်ဝင်လှုပ်ရှားလာတဲ့ ကမ္ဘာ့နိုင်ငံများ
ကိုဗစ်-၁၉ ခံစားခဲ့ရသော်လည်း အခု ဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာ ပြန်လည်နိုးထ သက်ဝင်လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။
ဥရောပမှာ အားတက်စရာတိုးတက်မှု လက္ခဏာများတွေ့ရသလို အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့မှာ ကိုဗစ်-၁၉ နေ့စဉ် သေဆုံးမှုနှုန်း ကျဆင်းလာသလို ကူးစက်မှုနှုန်းလည်း နှေးကွေးလာပါတယ်။ နိုင်ငံများစွာ မှာ အသွားအလာလှုပ်ရှားမှုတွေကို လျှော့ချဖို့နဲ့ နိုင်ငံစီးပွားရေးအပေါ် ဖိအားသက်ရောက်မှုတွေကို လျှော့ချဖို့ နည်းလမ်းတွေကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြပါတယ်။
ကိုဗစ် -၁၉ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရတဲ့ စပိန်နိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ အလုံပိတ်ကန့် သတ်မှုတွေကို ထပ်မံတိုးချဲ့လိုက်သော်လည်း ကလေးတွေအပြင်ထွက်ခွင့် ကန့်သတ်ချက်ကိုတော့ ဖြေလျှော့ပေးထားပါတယ်။ ကိုယ် -၁၉ ကူးစက်မှုဟာ စပိန်နိုင်ငံမှာ တဖြည်း ဖြည်း နှေးကွေးလာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းတွေ၊ ဆေးရုံ တက်ရောက်ကုသမှုနှုန်းတွေ ကျဆင်းလာပါတယ်။
ဆွစ်ဇာလန်၊ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့မှာ ဈေးဆိုင်တွေနဲ့ စာသင်ကျောင်းတွေကို ပြန် လည်ဖွင့်လှစ်နေကြပါပြီ။ ဂျာမနီနိုင်ငံမှာ လည်း ကိုဗစ် -၁၉ ကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာလိုက် ပြီးတဲ့နေခက်မှာ တချို့ဈေးဆိုင်တွေကို ပြီ ၂၀ ရက်မှာ ပြန်ဖွင့် ခွင့်ပြုလိုက်ပါပြီ။ တစ်ချိန်က ဥရောပရဲ့ ကိုဗစ် -၁၉ ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရတဲ့ အီတလီနိုင်ငံမှာလည်း ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ စဉ်စားနေပြီဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်ရဲ့ ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ အီရန်နိုင်ငံမှာလည်း တကယ့်ကို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့ အရေးကြီးပွားရေး လုပ်ငန်းတွေကို စနေနေ့က ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပါတယ်။
ဘရာဇီးနိုင်ငံဟာ လက်တင်အမေရိကမှာ ကိုဗစ် -၁၉ ကူးစက်ခံရမှု အများဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ မေ ၁၇ ရက် ဒေါ်ဒိုမီတာရဲ့ စာရင်းတွေအရ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၂၃၃၅၁၁ ကျော်လွန် ခဲ့သလို သေဆုံးသူပေါင်းဟာလည်း ၁၅၆၆၂ ဦး ရှိပြီလို့ သိရပါတယ်။
ပြန်လည်အခြေအနေကောင်း
ပြင်သစ်နိုင်ငံမှာ သီတင်းပတ်ရှစ်ပတ်နီးပါးမှာ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုမိန့်စောင့်ဆိုင်းစရာမလိုဘဲ အိမ်ပြင် ထွက်လို့ရနေပြီ ဖြစ်ပါတယ်။ ဆရာတွေလည်း လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေပြီဖြစ်သလို ဆိုင်တွေ လည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။
စပိန်လူမျိုးတွေဟာ အပြင်ဘက်တားတွေ နဲ့ စားသောက်ဆိုင်တွေမှာ သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေတောင်လုပ်နေကြပါတယ်။ သို့သော်လည်း ကိုဗစ် -၁၉ ကူးစက်မှု ဗဟိုချက်နေရာ ဖြစ်တဲ့ မက်ဒရစ်နဲ့ ဘာစီလိုနာမှာတော့ ကန့်သတ် ချက်တွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေမှာတော့ ဘယ်လ်ဂျီယံနဲ့ ဂရိမှာ အသွားအလာကန့်သတ်မှုတွေကို မေ ၁၁ ရက်က ဖြေလျှော့ ပေးလိုက်ပြီ ဖြစ်ပါတယ်၊ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကပ်ရောဂါ အဖြစ်ကြေညာပြီး နှစ်လကြာပြီးနောက်မှာ ဖြစ် ပါတယ်။
မျှော်လင့်ချက်ရောင်ခြည်ဖျော့တော့တော့နဲ့ အမေရိကန်နိုင်ငံကလည်း ပြန်လည်နိုးထ လာပါပြီ။ အမေရိကန် ပြည်ထောင်စုဟာ တခြားဘယ်နိုင်ငံနဲ့မှမတူဘဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနှုန်း အမြင့်ဆုံး ဖြစ်လာပါတယ်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့တော်ဝန် ကူမိုကတော့ မိမိတို့အနေနဲ့ အမြင့်ဆုံး အရေအတွက်ကိုကျော်လွန်ခဲ့ပါပြီ၊ အခုဆိုရင် တဖြည်းဖြည်းပြန်လည် အခြေအနေကောင်းလာတော့မှာ ဖြစ်ပါ တယ်လို့ ပြောကြားလိုက်ပါတယ်။
ပျော်ရွှင်ကြမယ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုဗစ် -၁၉ အကျပ်အတည်းမှ ပြန်လည် လွတ်မြောက်ဖို့အတွက် ကယ်ဆယ်ရေး အစီ အစဉ် လေးခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယခုထပ်မံပြီး ဒီမိုကရက်တွေအဆိုပြုထားတာ ကယ်ဆယ်ရေး အစီအစဉ်တစ်ခုကိုတော့ သုံးသပ်နေဆဲဖြစ်ပါတယ်။ အခုဆိုရင် ကိုဗစ် -၁၉ ဟာ အိမ်ဖြူတော်အဝန်းအဝိုင်းအထိပါ ရောက်ရှိလို့လာခဲ့ပြီ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာလည်း ကိုဗစ် -၁၉ ကူးစက် မှုမှ ပြန်လည်နိုးထလာခဲ့သူ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အစိုးရဟာ ကိုဗစ် -၁၉ ဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းအပေါ် အစောပိုင်းတုံ့ပြန်မှုနဲ့သာမက အကာအကွယ် ပစ္စည်းကိရိယာတွေ အလုံအလောက်မရှိမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုဆိုရင် ဗြိတိန်မှာ တခြားနိုင်ငံတွေက ဝင်ရောက်လာသူတွေကို ကိုဗစ် -၁၉ နဲ့ ပတ်သက်ပြီး ကန့်သတ်စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ ကိုဗစ် -၁၉ ကပ်ဆိုးမှ နိုးထဖို့ ကြိုးစားဆောင်ရွက်မှုတွေ၊ ကန့်သတ်ဖြေလျှော့မှုတွေ၊ စီးပွားရေး နာလန်ထူအောင် လုပ်ဆောင်မှုတွေ လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ကိုဗစ် -၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေလည်း ဖော်ထုတ်ဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ် ။
ကာကွယ်ဆေးဖော်ထုတ်ဖို့၁၂လနဲ့ ၁၈ လကြာ ကြာမြင့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားသော်လည်း အမေရိကန်သမ္မတကြီးကတော့ ဒီနှစ်ကုန်ရင် ရရှိမယ်လို့ပြောကြားတဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ ကာကွယ် ဆေး ရရှိမယ်ဆိုပါက ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားတွေလည်း ကိုဗစ်-၁၉ ကို စိုးရိမ်ထိတ်လန့်နေစရာ မလိုတော့ဘဲ ပျော်ရွှင်ကြမယ်ဆိုတာ စိတ်မှန်းနဲ့တင် သိနိုင်ပါတယ်။
ကိုးကား-အေအက်ဖ်ပီ