ရန်ကုန် ၁၆ ဇန်နဝါရီ 

 

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတိုရှိကိုအာဘေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)သို့ ရောက်ရှိပြီး YUFL IR Office ရုံးခန်း၌ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအား တွေ့ဆုံသည်။

 

25552

 

ထို့နောက် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတိုရှိကို အာဘေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) တိုးချဲ့ဆောင်တွင် ဂျပန်ဘာသာ သင်ကြားနေသော စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံတကာမှ မြန်မာဘာသာ သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

 

ယင်းနောက် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၆ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 

 

(သတင်းစဉ်)