၄ ဇွန်
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း လိုဂါပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သွေးကြွ တစ်ဦးထက်မနည်း သေဆုံးပြီး အခြား နှစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပူလ်အီအလမ် ပြည်နယ်မြို့တော်သွားရာ လမ်းများပေါ်ရှိ လုံခြုံရေးဂိတ်တစ်ခုကို တာလီဘန် စစ်သွေးကြွအုပ်စုက တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ တစ်ဦး သေဆုံးပြီး အခြား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေး ကြေညာထားခြင်း မရှိသော တာလီဘန် စစ်သွေးကြွများက မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို