၆ ဇူလိုင်
လူငယ်စာရေးဆရာတွေရဲ့စာအုပ်တွေထုပ်ဝေခွင့်ရဖို့အတွက် ရက်ပ်ပါအဆိုတော့ စတော်မ်ဇီဟာ Penguin ထုတ်ဝေရေးနဲ့အတူ လက်တွဲပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ရက်ပ်ပါအဆိုတော်ဟာ သူရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကိုလည်း ၂၀၁၉ ခုနှစ်အတွင်းမှာ ထုတ်ဝေသွားဖို့ရှိပါတယ်။
ကလေးတစ်ယောက်လို စာရေးစာဖတ်ခြင်းဟာ ကျွန်တော် ယနေ့ဘယ်နေရာကိုရောက်နေပြီလဲဆိုတာကို ပြည့်စုံသွား စေတယ် လို့လည်းသူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။
အရည်အချင်းရှိတဲ့ လူငယ်စာရေးဆရာတွေဟာ သူတို့ရဲ့အနုပညာလက်ရာကို ချပြခွင့်မရဘူး။ လူငယ်စာရေးဆရာ တွေရဲ့ဝထ္ထု၊ကဗျာ အစရှိတာတွေကို ကမ္ဘာကြီးကိုချပြဖို့ စောင့်နေတယ်လို့လည်း သူကပြောပါတယ်။
ကျောင်းတွင်းပြိုင်ပွဲတွေ လုပ်ပြီးတော့လည်း အရည်အချင်းရှိတဲ့လူတွေ ရှာဖွေသွားမယ်လို့ ဆိုပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတော်မ်ဇီဟာ ယူကေမှာ ရောင်းအား အကောင်းဆုံးနံပါတ် ၁ မှာချိတ်ခဲ့တဲ့ အဆိုတော်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ သူရဲ့ Gang Signs and Prayer နဲ့ ရောင်းအားအကောင်းဆုံး ဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့ပဲ အကောင်းဆုံး အယ်လ်ဘမ်ဆုရရှိခဲ့ပြီးတော့ ၂၀၁၈ ခုနှစ်အတွက် Brit ဆုကိုလည်း ရရှိခဲ့ပါတယ်။
ဘာသာပြန်-ခြူးစန္ဒီနွေး(မြန်မာ့အလင်း)
ကိုးကား>>ဘီဘီစီ