၇  ဇူလိုင် 

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''TWICE'' ရဲ့ တေးသီချင်းသစ် ''Dance the Night Away'' အတွက် ဗီဒီယိုကို လတ်တလောမှာ စမ်းသပ် ထုတ်လွှင့်ပေးခဲ့တာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

''Dance the Night Away''ဟာ အဖွဲ့ရဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ်မှာပါဝင်မယ့် ခေါင်းစီးတေးဖြစ်ပါတယ်။ လတ်တလောထုတ်လွှင့်ခဲ့တဲ့ အစမ်းတေးဗီဒီယိုဟာ ယင်းတေးသီချင်းအတွက် နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ အစမ်းတေးဗီဒီယိုဖြစ်ပြီး ဒီတေးဗီဒီယို မှာလည်း နွေရာသီကို ရည်ရွယ်ထုတ်လုပ်တဲ့ တေးအယ်လ်ဘမ်ဖြစ်တာနဲ့အညီ နွေရာသီနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုတွေနဲ့ ဖန်တီးရိုက်ကူးထားတာ တွေ့ရပါတယ်။

 

တေးဗီဒီယိုတစ်ခုလုံးကိုတော့ လာမယ့် ဇူလိုင် ၉ ရက်မှာ စတင်ထုတ်လွှင့်ပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်