၇ ဇူလိုင်

 

တောင်ကိုရီးယားမင်းသားတစ်ဦးဖြစ်တဲ့ လီဒေါင်ဝတ်ဟာ နာမည်ကျော်ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ဆူဇီနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း မကြာသေးမီက အေဂျင်စီ တွေကနေတစ်ဆင့် ထုတ်ဖော်ပြောကြား လာခဲ့ပါတယ်။ ဒီလို ချစ်သူနဲ့ လမ်းခွဲလိုက် ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လီဒေါင်ဝတ်က သူ့ရဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ် စာမျက်နှာပေါ်ကနေ တစ်ဆင့် ထုတ်ဖော်ပြသလာတာဖြစ် ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

 

လီဒေါင်ဝတ်ဟာ ချစ်သူနဲ့ လမ်းခွဲခဲ့ ပေမယ့် အသည်းကွဲသူတစ်ဦးဖြစ်မနေဘဲ အလုပ်တွေကို ကြိုးစားနေတယ်လို့ သူ့ရဲ့ ပရိသတ်တွေကို အင်စတာဂရမ်စာမျက်နှာ ပေါ်ကနေတစ်ဆင့် အသိပေးလိုက်တာ ဖြစ်ပါတယ်။ လတ်တလော ထုတ်ဖော်ပြသ လာတဲ့ ဓာတ်ပုံတွေမှာတော့ လီဒေါင်ဝတ် ဟာ စတူဒီယိုတစ်ခုအတွင်း ဇာတ်ညွှန်းကို ကြိုးကြိုးစားစား ကျက်မှတ်နေတာကိုလည်း တွေ့ရပါတယ်။ လီဒေါင်ဝတ်ဟာ သူ့ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင်သစ် ''Life''ကို လက်ခံ ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။

 

လီဒေါင်ဝတ်ရဲ့ ဓာတ်ပုံတွေအောက် မှာတော့ မင်းသားဟာ ကြော်ငြာရိုက်ကူး ရေးခေတ္တရပ်နားထားစဉ် ယခုလို ကြိုးစား ပမ်းစား ဇာတ်ညွှန်းကျက်နေတာဖြစ် ကြောင်း ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ လီဒေါင်ဝတ်နဲ့ ဆူဇီတို့ လမ်းခွဲလိုက်တဲ့ သတင်းအပေါ် ပရိသတ် တွေက အွန်လိုင်းပေါ်ကနေတစ်ဆင့် တုံ့ပြန်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အချို့ကတော့ ချစ်သူနဲ့ လမ်းခွဲပြီးနောက် အလုပ်ကြိုးစားနေတဲ့ လီဒေါင်ဝတ်ကို တွေ့ရတဲ့အတွက် ဝမ်းသာကြောင်း ရေးသားဖော်ပြခဲ့ကြတာကိုလည်း တွေ့ရ ပါတယ်။

 

အေးပြည့်