မြိတ် ၁၆ ဇန်နဝါရီ 


သီတဂူဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာမဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရ ဟောကြားချီးမြင့် တရားအလှူပေးသည့် သီတဂူဓမ္မသဘင်ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြို့မအားကစားကွင်းတွင် ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီက ကျင်းပရာ သီတဂူဆရာတော်ကြီးနှင့်အတူ နိုင်ငံတော်သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တလာသန (လှည်းဘီးကျောင်းတိုက်) နှင့် တနင်္သာရီတိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ နာရဒ  (မော်တောင်ကျောင်းတိုက်)နှင့် ဆရာတော်ကြီးများ ကြွရောက်ကြသည်။

 

789


မဟာကုသလ ဝိသုဒ္ဓိတရားပွဲ အကျိုးဆောင် လူငယ်များနှင့် မြိတ်မြို့သူ မြိတ်မြို့သားများ ပူးပေါင်းကျင်းပသော အဆိုပါ ဓမ္မသဘင်သို့ မြိတ်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအပြင် မြို့နှင့်အလှမ်းကွာဝေးသည့် ကျေးလက်များမှ ပြည်သူများပါ မော်တော်ယာဉ်များဖြင့် လာရောက်ဖူးမြော် တရားတော်နာယူကြရာ သီတဂူဆရာတော် ဘုရားကြီးမှ စိတ်နှလုံး ငြိမ်းချမ်းဖွယ်တရားဓမ္မကို ချီးမြှင့်ခဲ့ပြီး တရားပွဲလာဧည့်ပရိသတ်များ ကွင်းလုံးပြည့် လာရောက်နာယူ မှတ်သားခဲ့ကြကြောင်း သိရသည်။


ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

 

12345

 

123