ရန်ကုန် ၁၇ ဇန်နဝါရီ


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဦးကြည်လွင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး  စာချုပ်ပါလျော်ကြေးအတိုင်း သုံးလစာ ငွေကျပ် ၇၅ သိန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဦးကြည်လွင်အား တစ်လလျှင် ငွေကျပ် (၂၅)သိန်းဖြင့် ၂၀၁၉ ဆီးဂိမ်း ပြိုင်ပွဲအပြီးထိ ခန့်အပ်ထားခြင်းဖြစ်ပြီး လမ်းခွဲခဲ့သောကြောင့် လျော်ကြေးအဖြစ် သုံးလစာပေးချေ မည်ဖြစ်ကြောင်း သိရသည်။ ဦးကြည်လွင်သည် မကွေးအသင်းအုပ်ချုပ်သူအဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် နည်းပြဦးကြည်လွင်၏ နေရာတွင် မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်ကို ယမန်နေ့က ခန့်အပ်ခဲ့သည်။ 


နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်သည် ဖေဖော်ဝါရီလဆန်းတွင် အသင်းအား စတင်ကိုင်တွယ်မည်ဖြစ်ပြီး ပထမဆုံး ပြိုင်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၂ ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။


MDN