၁၀ ဇူလိုင်

 

Wonder Woman ဇာတ်ကောင် ရုပ်ရှင်မင်းသမီး ဂဲဂါဒေါ့ဟာ ဝါရှင်တန်အနီးမှာရှိတဲ့ ကလေးဆေးရုံကို သွားရောက်ပြီး ကလေးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုသွားတဲ့အခါ ရုပ်ရှင်ထဲကအတိုင်း စူပါဟီရိုးဝတ်စုံကို ဝတ်ဆင်ပြီးတော့ ဆေးရုံတက်နေရတဲ့ ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ ဂါဒေါ့ ဟာ အစ္စရေးလူမျိုး သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဆေးရုံကို ရုပ်ရှင်ထဲက ဇာတ်ကောင်ဝတ်စုံအတိုင်း ဝတ်ဆင်ပြီး သွားရောက်တာကတော့ဂါဒေါ့ သူတစ်ယောက်ထဲမဟုတ်ပါဘူး။ ရောဘတ်ဒေါင်နီဂျူနီယာ နဲ့ ဂျွန်နီဒပ်တို့ဟာလည်း သူ့လိုမျိုး သွားရောက် လည်ပတ်ဖူးပါတယ်။ 

 

ဂါဒေါ့ ရဲ့ အသစ်ရိုက်ကူးထားတဲ့  Wonder woman ဇာတ်လမ်း နောက်ဆက်တွဲဟာ ၂၀၁၉ နိုဝင်ဘာမှာ ရုံတင်မှာပဲဖြစ်တယ်။ ရုပ်ရှင်ရိုက်ကူးပြီး ခေတ္တ ရပ်နားစဉ်မှာ ဆေးရုံသို့ သွားရောက်ခဲ့တာဖြစ်ကာ အင်နိုဗာ ကလေး ဆေးရုံက သွေးကင်ဆာဝေဒနာရှင် ကလေးငယ်တွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ထားပြီး အဲဒီဓါတ်ပုံကို Wonder woman ဇာတ်ကား ရဲ့တွစ်တာအကောင့်မှာ တင်ထားတာကို တွေ့ရပါတယ်။ ဂါဒေါ့လို့ပါပဲ ဂျွန်နီဒပ်ဟာလည်း Pirates of the Caribbean ဇာတ်ကားထဲက ဝတ်စုံအတိုင်း ဝတ်ဆင်ပြီးလန်ဒန်မှာရှိတဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ အဲဒီဆေးရုံဟာ ဂျွန်နီဒပ်ရဲ့ သမီး လီလီရိုစ် တက်ခဲ့တဲ့ဆေးရုံဖြစ်ပါတယ်။ နောက်ထပ် ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်တဲ့ Robert Downey Jr ဟာလည်း ဆေးရုံကို ရုတ်တရက်သွားရောက်ပြီး ဆေးရုံကလူနာတွေကို အားပေးခဲ့ဖူးပါတယ်။

 

ဘီဘီစီ