၁၀ ဇူလိုင်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဘောလိဝုဒ်စူပါစတား ရှာရွတ်ခန်းနဲ့ အင်နူးဘာ့ဆင်းဟာ တို့ဟာ စိတ်ကူးယဉ် သိပံ္ပရုပ်ရှင်ဇာတ်လမ်းဖြစ်တဲ့ Ra One ဇာတ်ကား နောက်ဆက်တွဲကို ဆက်လက်ရိုက်ကူးဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆက်လက်ရိုက်ကူးဖို့တော့ ဘာမျှအကောင်အထည် ပေါ်မလာခဲ့ပါဘူး။ မကြာသေးခင်ကမှ ဒါရိုက်တာ အင်နူးဘာ့ဆင်းဟာ ကို ဒီဇာတ်ကားဆက်ရိုက်ဖို့ အစီအစဉ် ရှိမရှိမေးမြန်းကြရာမှာတော့ သူနဲ့ရှာရွတ်ခန်းဟာ ဒီဇာတ်ကားအကြောင်း ဟိုအရင်ကတည်းက ဆွေးနွေးဖြစ်ကြကြောင်း၊ စိတ်ကူးယဉ်သိပံ္ပဇာတ်ကားတစ်ကား ရိုက်ကူးရတာ မလွယ်ကူကြောင်း၊ ဒါပေမယ့် သူရော ရှာရွတ်ခန်းရော ဒီဇာတ်ကားကို ဆက်လက်ရိုက်ဖို့ စိတ်ကူးရှိသေးကြောင်း ပြောခဲ့ပါတယ်။ Ra One ဇာတ်ကားမှာ ပါဝင်ကြတဲ့ ကရီနာကာပူး နဲ့ ရှာရွတ်ခန်းဟာ ဘောလိဝုဒ်အနုပညာကြေး အမြင့်ဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်ပါတယ်။ လက်ရှိမှာတော့ ရှရွတ်ခန်းဟာ မိသားစုနဲ့အတူ ဥရောပကို အလည်အပတ်ထွက်နေပြီး လက်တလောရိုက်ကူးနေတဲ့ Zero ဇာတ်ကားဟာ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှာ ရုံတင်မှာဖြစစ်ပါတယ်။
အီးတိုင်းမ်စ်