မန္တလေး ၁၅ ဇူလိုင်

 

Mandalay Art Club မှ ဦးစီးကျင်းပသည့် Mandalay Art Club member ၅ ဦး၏ (Group Show) 5 mb Art Exhibition ၏ ပန်းချီပြခန်းဖွင့်နှင့် စတူဒီယိုဖွင့်ပွဲအထိန်းအမှတ် အမှတ်တရအဖြစ် ဇူလိုင် ၁၅ ရက် နံနက် (၁၀) နာရီက မန္တလေးချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ရွှေနန်းတော် ပန်းချီပြခန်းနှင့် စတူဒီယို (SHWE NAN DAW ART GALLERY & STUDIO) ၇ လွှာတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပန်းချီအင်ဂါဥုး ( INGAR OO) က ပန်းချီပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြပွဲတွင် ခင်းကျင်းပြသထားသော ပန်းချီကားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာ ဦးတင်မျိုးဦး (Shwe Coffee & Tea Center) က ပြခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ပြပွဲတွင် ဆရာ အင်ဂါဥုး၊ ဆရာအောင်အောင်၊ ဆရာစိုးမြင့်ဦး၊ ဆရာမြင့်ထွန်း (MDY) နှင့် ဆရာစိုးဝင်း (ရွှေလက်ရာ)တို့၏ ပန်ချီကားများ ပြသထားသည်ဟု သိရသည်။

 

ဆက်လက်၍ ပြခန်းသို့ လာရောက်သည့်ဧည့်သည်များက ပြခန်း၌ပြသထားသည့် ပန်းချီကားများကို လှည့်လည်ကြည့်ရှုကြသည်။ ပန်းချီပြခန်းတွင် ရေဆေး၊ ဆီဆေး အခရိုက်လစ် ပန်းချီကားပေါင်း (၇၆)ကား (ဆိုဒ်စုံ) ပြသထားပြီး ဇူလိုင် ၁၅ ရက်မှစတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ နေ့စဉ်ပြသထားမည်ဟု သိရသည်။ ပန်းချီပြပွဲဖြစ်မြောက်ရေးအတွက် Shwe Coffee & Tea Center မှ ကူညီပေးထားသည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း (ပညာရေး)