၁၈   ဇူလိုင်

 

ဂျက်စတင်ဘီဘာဟာ ဆယ်လီနာဂိုမက်ဇ်နဲ့ လမ်းခွဲလိုက်ပြီး ဟေးလီဘော့ဒွင်နဲ့ စေ့စပ်လိုက်ပေမယ့် သူ့လက်ကောက်ဝတ်နားမှာ ထိုးထားတဲ့အချစ်ဟောင်း ဆယ်လီနာရဲ့ တက်တူးပုံကိုတော့ မဖျက်သေးပါဘူး။ ဒါဟာဂျက်စတင်ရဲ့ ဇနီးလောင်းဖြစ်တဲ့ ဟေးလီကို စိတ်အနှောင့်အယှက်ပေးပုံတော့ မရပါဘူး။

 

ဟေးလီဟာ တက်တူးကို ဂျက်စတင်မဖျက်ဘဲထားတာကို နားလည်ပေးထား ပါတယ်။ ဂျက်စတင်ဘီဘာရဲ့ လက်ပေါ်မှာ ဆယ်လီနာရဲ့ ပုံရှိနေသေးတာ ကောင်းတဲ့အခြေအနေတော့ မဟုတ်ဘူး။ ဒါဟာ ကိုးရိုးကားရားနိုင်တဲ့ အခြေအနေ တစ်ခုပဲလို့ ဟေးလီနဲ့ရင်းနှီးတဲ့သူတွေက ဟောလိဝုဒ်လိုက်ဖ်ကို ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ပုံအပေါ်မှာ အခြားပုံရိပ်တွေထိုးပြီး ဖျက်ဖို့ကြိုးစားခဲ့ပေမယ့် ဒါဟာ ဆယ်လီနာပုံပဲဆိုတာ လူတိုင်းသိနေပါတယ်။

 

ဒီတော့ဟေးလီလည်း ဒီပုံတစ်ခုအတွက် စိတ်ညစ်ခံမနေတော့ပါဘူး။ ဂျက်စတင်ဘီဘာ ကိုယ်တိုင်ကလည်း တက်တူးဟာ အတိတ်ကာလတုန်းက ဖြစ်ရပ်တစ်ခုသာဖြစ်ပြီး ဟေးလီကမှ သူ့အနာဂတ်အတွက် ရွေးချယ်ထားတဲ့သူပါလို့ ပြောထားတော့ ဒီတက်တူးအပေါ်မှာ ဘာမှစိတ်ခံစားချက် မထားတော့ဘူးလို့ ဆိုပါတယ်။

 

နောက်ပြီးဟေးလီနဲ့ ရင်းနှီးသူတွေရဲ့ ပြောပြချက်အရတော့ ဂျက်စတင်ဘီဘာဟာ သူနဲ့ဟေးလီတို့ အချစ်အတွက် အမှတ်တရဖြစ်စေမယ့် တက်တူးထိုးမယ်လို့ ဇနီးလောင်းဖြစ်သူကို ကတိပေးထားတယ်လို့ ဆိုပါတယ်။

 

ခြူး

 

ကိုးကား - ဟောလိဝုဒ်လိုက်ဖ်