၂၀ ဇူလိုင်
ဗြိတိန်ဖက်ရှင်၊ ဒီဇိုင်နာတံဆိပ် ဘာဘယ်ရီထုတ် ရောင်းမကုန်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အဝတ်အထည်၊ အက်ဆက်စရီပစ္စည်းများ၊ ရေမွှေးနှင့် မိတ်ကပ်ပစ္စည်များကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။ မီးရှို့ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေဟာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၂ သန်းဖိုးရှိကြောင်း ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလိုဖျက်ဆီးရတာက ဉာဏ်ရည်မူပိုင်ခွင့်ကို ကာကွယ်ဖို့နဲ့ မရောင်းရတဲ့ပစ္စည်းတွေ အခိုးမခံရအောင် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဘာဘယ်ရီက ဆိုပါတယ်။ “ဘာဘယ်ရီအနေနဲ့ ပစ္စည်းတွေထုတ်ရာမှာ သေချာ ဂရုတစိုက်ရှိပါတယ်။ အခုလို ဖျက်ဆီးတယ်ဆိုရာမှာလည်း လုပ်သင့်လို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တယ်ဆိုတာ တာဝန်ယူမှုရှိရှိနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ ရှေ့လျှောက် အခုလို ဖြုန်းတီးသလိုမျိုးမဖြစ်အောင် နည်းလမ်းရှာသွားမယ်”လို့ ဘာဘယ်ရီ ကုမ္ပဏီက ပြောပါတယ်။
မေလကထုတ်ပြန်လိုက်တဲ့ ကုမ္ပဏီရဲ့တစ်နှစ်အမြတ်အစွန်းဟာ စတာလင်ပေါင် ၂၉၄ သန်းရှိကြောင်းနဲ့ ဒီ အမြတ်အစွန်းဟာ မနှစ်ကထက် အနည်းငယ်မြင့်တက်မှုရှိကြောင်းတွေ့ရပါတယ်။ဘာဘယ်ရီဟာ အခုလို မရောင်းရတဲ့ပစ္စည်းတွေကို မီးရှို့တာက လက်ခံနိ်ုင်တဲ့ ဖြေရှင်းမှုလို့ ထင်နေတာကို ဒေါသထွက်စရာကောင်းတယ်။ ဗြိတိန်ရဲ့ထိပ်တန်းဒီဇိုင်နာ တံဆိပ်တစ်ခုက ဖက်ရှင်လောကရဲ့ ဦးဆောင်မှုကို ပေးတဲ့ ပုံစံမျိုးဖြစ်သင့်တယ်လို့ လစ်ဘရယ်ဒီမိုကရက် ပါတီအမတ်လည်းဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးရဲ့ ပြောခွင့်ရသူ တင်မ်ဖာရွန်က ဝေဖန်လိုက်ပါတယ်။
MDN
ကိုးကား-AFP