၂၆ ဇူလိုင်

 

မူပိုင်ရှင် (The One and Only) အမည်ဖြင့် Aroma Wedding Studio  မှ  Park Royal Hotel တို့ ပူးပေါင်းပြီး မြန်မာ့ မင်္ဂလာဝတ်စုံများ ပြပွဲကို သြဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

       
"ဒီပွဲရဲ့ အဓိက ထူးခြားချက်ကတော့ မြန်မာဝတ်စုံတွေကို ပြသနေကြပုံစံနဲ့ မတူညီတဲ့ ဒီဇိုင်းတွေနဲ့ ပြသသွားဖို့ရှိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ဒီဇိုင်နာတွေရဲ့ အထူးဝတ်စုံ တွေ ပါဝင်ပြသမယ်။ အခြားပွဲတွေနဲ့ မတူတာက လာရောက်ပြသတဲ့ သူတွေကို စိတ်တိုင်းကျ ဆောင်ရွက်ပေးတာမို့ ပြသဖြစ်တာပါ။ အနုပညာရှင်များစွာ ပါဝင်ပါမယ်။ ဝါကျွတ်တော့မယ်ဆိုတော့ မင်္ဂလာမောင်နှံတွေကလည်း မင်္ဂလာဆောင်အတွက် အခက်တွေ့တာမျိူးတွေ မဖြစ်ရအောင် ဒီပွဲကြီးကနေ အကျိုးကျေးဇူးတွေရမယ်လို့ မြင်ပါတယ်။ ဒီပွဲကို ဦးဆောင်တာက Myanmar Wedding Top ကပါ။ ကျွန်တော်တို့နဲ့ Park Royal Hotel တို့က ပူးပေါင်းလိုက်တာမို့ အားလုံး ပိုပြီးစည်ကားသွားမယ်" ဟု ကိုစိန်လင်း (Aroma) က ပြောသည်။ 

     
အဆိုပါပွဲတွင် မင်္ဂလာဝတ်စုံ၊ ဟိုတယ်၊ အစားအသောက်၊ ဓါတ်ပုံအဆုံး အားလုံးကို  စိတ်ကြိုက် ရွေးချယ်နိုင်မည်ဖြစ်ပြီး မိုးရာသီ အထူးအစီအစဉ်အဖြစ် ဈေးနှုန်များကိုလည်း အထူးလျော့ချထားကြောင်း သိရသည်။

 

ကိုလင်း