မြို့သစ် ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်များတွင် သက်တမ်းလွန် မုန့်များနှင့် အသားငါး အစားအသောက်များ ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးခြင်းကို မြို့နယ်စားသုံးသူ ကာကွယ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှ (၂၆-၁၀၂၀၁၈) နေ့ ထုတ်ဝေသည့် စားသုံးသူများ ဘေးကင်းလုံခြုံစေရေးအတွက် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈) အရ ဦးစားပေး ကုန်စည်များဖြစ်သည့် အစားအသောက်များ၊ အိမ်သုံး ပစ္စည်းများ၊ ကလေးအသုံးအဆောင် ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများ သုံးစွဲပုံအညွန်း၊ ထားသိုသိမ်းဆည်းပုံအညွန်း၊ ဓာတ် မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးတို့ကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲ၍ဖြစ်စေ ဖေါ်ပြရမည်ဖြစ်ပြီး လိုက်နာခြင်း မရှိသော စီးပွားရေးလုပ်ငန်းရှင်များအား အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် နေ့မှစ၍ ၆လပြည့်သည့်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ (၁၉) အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
သက်တမ်းလွန် မုန့်များနှင့် အသားငါးအစားအသောက်များ၊ ဆေးဝါးများ ဆက်လက်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို တစ်လလျှင် တစ်ကြိမ် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)