မြောင်းမြ ၁၇ ဇန်နဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့် (၉၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် စာစီစာကုံး၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာအုပ်ပြပွဲကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဆုချီးမြှင့်ပွဲတွင် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ဆုရရှိသူများကို မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စယ်လီလှိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြိုးဖြိုးညွန့် တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ခရိုင်ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ ၊ ဆရာဆရာမများ ၊ ဆုရ ကျောင်းသား ကျောင်းသူလေးများက ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို လေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)