၃  သြဂုတ်

 

ထိုင်းနိုင်ငံ ဖူးခက်တွင် ကျင်းပပြုလုပ်ခဲ့သည့် Prince & Princess International 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Mister စည်သူကျော်မှ သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဇူလိုင်လ (၂၅) ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

"Prince & Princess International 2018 ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဖူးခက်မှာ ကျင်းပခဲ့တဲ့ပွဲမှာ နိုင်ငံပေါင်း ၄၂ နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း ၁၀၃ ယောက်ဝင်ပြိုင်ခဲ့တာ အဲဒီအထဲမှာ ကျွန်တော်က Mister Pre-Teen 2018 Winnerဆု၊Best Talent Winner ဆုနှင့် Teen Achievement of the year ဆုတွေကို ရရှိခဲ့ပါတယ်။ Talent ပိုင်းမှာတော့ ကျွန်တော်က သူများနဲ့မတူအောင် ဇော်ဂျီအကကို မျက်လှည့်ပညာနဲ့ပေါင်းပြီး ကိုယ်ပိုင် creation  အဖြစ် ဖန်တီးပြသဖြစ်ပါတယ်။ အဲဒီမှာပဲ အကုန်လုံးက သဘောကျသွားပြီးမှ၊ Best Talent ဆုကို ရရှိခဲ့တာပါ။ ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြုပြီး ဒီဆုကို ရရှိလာခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ ဆုရခဲ့တဲ့ အချိန်ကနေ အခုအထိ ပီတိဖြစ်နေတုန်းပါပဲ။ ကျွန်တော့်ဘဝမှာ international winner ဆုကို ရချင်ခဲ့တာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ။ အရမ်း ပျော်ပါတယ်။

 

ဒီပြိုင်ပွဲပြီးသွားရင်လည်း organization နဲ့ ပူးပေါင်းပြီးတော့ အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်သွားမှာပါ။ ပရဟိတအနေနဲ့ကတော့ လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးသွားဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ သားတို့အတွက် ဆုအနေနဲ့ အခုဆောင်းပေးလိုက်တဲ့ ရွှေသားအတိ စိန်အစစ်နဲ့ crown ရယ် စိန်ရင်ထိုးရယ် ၉ လပိုင်းကျရင် စင်ကာပူသံအမတ်ကြီးက winner တွေကို တွေ့ဆုံဖို့ဖိတ်ခေါ်ထားပါတယ်။ ဒီဇင်ဘာကျရင်တော့ ဒူဘိုင်းမှာ cat walk လျောက်ရမှာပါ။ နွေရာသီကျောင်းပိတ်ရက်မှာလည်း စင်္ကာပူမှာ နှစ်လကျောင်းတက်ဖို့ စီစဉ်ပေးမှာပါ။ ကျွန်တော့အမေက ဒီပြိုင်ပွဲမှာ တစ်နှစ်တာ အမေဆုရခဲ့လို့ ကျွန်တော့်ခရီးစဉ်တိုင်းမှာ အမေပါ အတူလိုက်ပါခွင့်ရမှာပါ" ဟု ပြောသည်။

 

ကိုလင်း