နေပြည်တော် ၂၄ စက်တင်ဘာ

 

သီးခြားဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် (၁၁)ကျောင်းသို့ ဝင်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန website များဖြစ်သော http://www.moe.gov.mm, http://www.moe-st.gov.mm နှင့် http://www.myanmar-education.edu.mm တွင်လည်း ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

 

သီးခြားဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်(၁၁)ကျောင်းအပြင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့သို့ပါ တစ်ပြိုင်နက်လျှောက်ထားသဖြင့် တက္ကသိုလ်တစ်ကျောင်းထက်ပို၍ ဝင်ခွင့်ရရှိနေပါက မိမိတက်ရောက်လိုသည့် တက္ကသိုလ်တစ်ကျောင်းတည်းတွင်သာ မှတ်ပုံတင်ပြီး တက်ရောက်ပညာသင်ကြားရမည်ဖြစ်သည်။

 

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့ကို လျှောက်ထားပြီး ဦးစားပေးတက္ကသိုလ် ဖြည့်စွက်လျှောက်ထားရာတွင် မပြည့်စုံသဖြင့် ပြန်လည်လျှောက်ထားရန် ကျောင်းသားများထံသို့ စာတိုက်ဖြင့် ဖြည့်စွက်ရမည့် ပုံစံနှင့်တကွ အကြောင်းကြားထားကြောင်း သိရသည်။ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့သို့ မလျှောက်ထားရသေးသူများလည်း အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်းသို့ အချိန်မီလျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)