နေပြည်တော် ၇ သြဂုတ်
အများပြည်သူများ ကြည်နူးပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန်အတွက် သြဂုတ် ၂၅ ရက် (စနေနေ့) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုယိမ်းအကများ၊ တေးသံသာများ၊ မျက်လှည့်အစီအစဉ်များ၊ ပဒေသာယိမ်းအကများ၊ အငြိမ့်အစီအစဉ်နှင့် ဟာသတစ်ခန်းရပ်များဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါဥယျာဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပကတိအချိုးအစားကိုရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီပုထိုးများ၊ အထိမ်းအမှတ် အဆောက်အအုံများ၊ ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာနေအိမ်များ၊ ဓလေ့ထုံးစံဝတ်စားယင်မှုများ၊ ရိုးရာအစားအစာများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်စေရန် တည်ဆောက်ပြသထားသည်။
(သတင်းစဉ်)