၈ သြဂုတ်
စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဇာတ်လမ်း ညာလက်ယာ ၊ ဇာတ်ညွှန်း ဆူးခက်မင်းတို့ ရေးသား၍ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ဖန်တီးရိုက် ကူးတင်ဆက်ထားသော ''ဣတ္ထိယ'' ရုပ်ရှင်ဇာတ်ကား ကြီးကို သြဂုတ် ၁ဝ ရက်တွင် ရုံတင်ပြသမည်ဖြစ်ပြီး ယင်း ဇာတ်ကားကြီးတွင် အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ် ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ ဖွေးဖွေးတို့ ဦးဆောင်၍ အလင်းရောင်၊ ခင်လှိုင်၊ ယွန်းရွှေရည်တို့ ပါဝင်သရုပ် ဆောင်ထားသည်။
ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)
ဇာတ်ကားကတော့ ဘာမှထွေထွေထူးထူးမရှိပါဘူး၊ မင်းသမီးသုံးလက်နဲ့ အဲ့လိုမျိုးဇာတ်ကား ရိုက်မယ်ဆို ပြီးတော့ ရိုက်ကူးဖြစ်တာပါ။ ပရိသတ်တွေကြိုက်တဲ့ မင်း သမီးသုံးယောက်ဆိုတော့ ကားလေးက ပိုမြိုင်သွားတာ ပေါ့။ ၁၅ ရက်လောက် အချိန်ယူခဲ့တယ်၊ ပြင်ဦးလွင် ဖောင်းတောရွာဘက် ဆင်လမ်းဆည်အိမ်ရယ် အဲ့ဘက် တွေမှာ။ ပရိသတ်အတွက်တော့ ကျေနပ်စရာကောင်း မယ်လိ်ု့ထင်ပါတယ်။ မင်းသမီးသုံးလက်နဲ့ သူတို့တွေ ကြည့်ချင်တဲ့ ပုံစံလေးတွေကို တင်ပြပေးထားပါတယ်။
အလင်းရောင်
ဘုန်းကြီးကျောင်းသား အယောင်ဆောင်ထားတဲ့ ဓားပြရဲ့သား နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ညီအစ်မသုံးယောက်က ရွာထဲမှာ ထိတ်ထိတ်ကြဲ ဆိုးတဲ့ သူတွေပေါ့။ သူတို့နဲ့တွေ့တဲ့အချိန်မှာတော့ ကျွန်တော်က ဘုန်းကြီးကျောင်းသားတစ်ယောက်ဆိုတော့ သူတို့ကို ကြောက်တဲ့ပုံစံ လုပ်ရတာပေါ့။ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးလေးပါပဲ။ အဓိက မကြီးစိုး၊ မခိုင်သင်းကြည်၊ မဖွေးတို့ရဲ့ဇာတ်ဆိုတော့ သူတို့အတွက် ကျွန်တော်က ဇာတ်ပို့ပေးရတဲ့သူ အရံလေးပါပဲ။ ကျွန်တော်က ဟာသ သိပ်မရတဲ့အခါ ဒီကားရဲ့ ထရေလာကိုကြည့်ရင်းနဲ့ ကိုယ့် ကိုယ်ကို အားမရတော့ဖြစ်မိတယ်။
ခိုင်သင်းကြည်
ဒီကားထဲမှာတော့ ရွာထဲမှာ ထိတ်ထိတ်ကြဲ ညီအစ်မ တွေထဲက အလတ်မပေါ့။ ဒီဣတ္ထိယဇာတ်ကားကြီးကို ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ မင်းသမီးသုံးယောက်က ဂေါ်ထားတဲ့ကားဆိုတော့၊ အဓိကတော့ မင်းသမီးသုံးယောက်မှာ မကြီးစိုးနဲ့က တော့ အမြဲတမ်းတွဲဖူးတယ်။ ဖွေးဖွေးနဲ့ကျတော့ နှစ် ယောက် ဂေါ်ထားတဲ့ကားလေး တစ်ကားတော့ရှိပါတယ်။ အဲဒီကားက မတင်သေးတော့ အခုကားက ဖွေးဖွေးနဲ့ ပထမဆုံးဆုံတဲ့ ကားလေးပါ။ ဒီကားထဲမှာ ညီအစ်မတွေ က သုံးယောက်စလုံးက အစွာတွေချည်းပဲဆိုတော့ အတွဲ ညီပါတယ်။ အဲ့ကားထဲမှာ မကြီးစိုးနဲ့ ဖွေးဖွေး သူတို့ နှစ်ယောက်ကြားမှာ အစ်မက ညပ်နေတာပေါ့။
ယွန်းရွှေရည်
ပေါ့ပေါ့ပါးပါးနဲ့ ဟာသပုံစံမျိုးလေးပါ။ လူရွှင်တော် တွေမပါဘဲနဲ့ မိန်းမတွေချည်းပဲ ဦးဆောင်တဲ့ကားပေါ့။ မိန်းမတွေချည်းပဲ ကိုယ့်အိမ်နဲ့ကိုယ်၊ ဓားပြတွေလာ တိုက်တဲ့အချိန်မှာလည်း မိန်းမတွေကပဲဦးဆောင်ပြီး တိုက်ခိုက်လိုက်တယ်၊ အဲ့လိုမျိုးပေါ့။ နောက်ပိုင်းကျ ညီမ တို့မပါတော့ဘူး၊ မကြီးစိုးပ ဲ ဓားပြတွေနောက်ကိုပါသွား တယ်၊ အဲ့တော့ သူတို့ ဓားပြတွေလက်ထဲက ဘယ်လို လွတ်အောင်ပြေးကြမလဲပေါ့။
သရုပ်ဆောင်ကိုပေါက်
ဒီကားလေးထဲမှာတော့ ကျွန်တော်က လူဆိုးဓားပြ ပေါ့၊ အဲဒီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ကိုဇော်က အမြဲတမ်း ကျွန်တော်နဲ့လိုက်တဲ့ ကာရိုက်တာ ဆိုရင် အမြဲတမ်းခေါ်သုံးနေကျပေါ့နော်။ ဒီကားလေးက ဟာသကားဆိုပေမယ့် မိန်းကလေးတွေရဲ့ တစ်ယောက် တည်းရပ်တည်နိုင်တယ်ဆိုတာကို ပြထားတာပေါ့။ ဒီ ကားလေးက ပရိသတ်တွေအတွက် ရသတစ်ခုခုရနိုင် မှာပါ။
ကိုလင်း