အဆိုတော် မနော၏ တေးသီချင်းပေါင်းများစွာကို တစ်ကိုယ်တော်ရေးသားပေးခဲ့သူ တေးရေး၊ တေးဆို သဟာ အောင်သည် အဆိုတော်သွန်း၏ အချစ်နန်းတော်တေး စီးရီးတွင် ပါဝင်ရေးသားသီဆိုခဲ့ပြီး လတ်တလောတွင် ခံစားဖူးမှမင်းသိမယ် တေးစီးရီးထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိသည်။
သူ၏ ဂီတဖန်တီးမှုပိုင်းနှင့်ပတ်သက်ပြီး သဟာအောင်က ''ကျွန်တော်ကတော့ ကိုယ်လုပ်တာကို လုပ်နိုင် သလောက်လေးတော့ ဖန်တီးတာပဲပေါ့။ လူငယ်တွေ အနေနဲ့ ကိုယ်နိုင်တဲ့ဘက်က ဝါသနာပါလို့ တေး ရေးဖြစ် တာပါ။ ဆရာကြီးတွေလည်း မဟုတ်ပါဘူး။ ပြိုင်ဆိုင်တာတွေ၊ အတ္တတွေ ကျွန်တော်တို့စိတ်ထဲမှာ မရှိပါဘူး။ ငွေကြေးဇယားနဲ့ စီးပွားဖြစ်လုပ်ဆောင်တာလည်း မဟုတ်ပါဘူး''ဟု သဟာအောင် က ပြောသည်။
ဂီတပိုင်းဖန်တီးရာတွင် အကောင်းဆုံး အင်အားစိုက်ထုတ်မှုများဖြင့် ရေးသားခဲ့သော်လည်း ကံတရားနှင့် မိမိ၏ စန်းကြောင့်သာ ပရိသတ်နှင့် ရင်ဘတ်ညီမျှသည့် အတွက် သီချင်းများအောင်မြင်ခဲ့ကြောင်း သဟာအောင်က သုံးသပ်ခဲ့ပြီး သဟာအောင်၏ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်သည့် ခံစားဖူးမှမင်းသိမယ် ဒီဗွီဒီကိုလည်း သြဂုတ်လထဲတွင် ထွက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။
''အနယ်နယ်အရပ်ရပ်က တေးသီချင်းလေးတွေ လာအပ်ကြတာများပါတယ်။ မိုနိုပိုင်းတွေ ပိုများလာပါတယ်။ ရသပိုင်းတွေမှာ တစ်ခုနဲ့တစ်ခု မထပ်အောင် အကောင်းဆုံးတော့ ရေးပေးရပါတယ်။ သီချင်းတစ်ပုဒ်ပေါက် တယ်၊ မပေါက်ဘူး ဆိုတာကတော့ အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု အပိုင်း ရော၊ ကံတရားနဲ့ရော သက်ဆိုင်သလို ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တာပေါ့။ ကြိုးစားရင် နေရာတစ်နေ ရာတော့ ဖြစ်မြောက်လာမှာပါ''ဟုလည်း ၎င်းက ဆိုသည်။
ကိုလင်း