mdn

၁၀  သြဂုတ်

 

  " ဟစ်တိုင် " ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုတွင် မျက်နှာသစ်သရုပ်ဆောင်အချို့ကို ရွေးချယ်ထည့် သွင်းခဲ့ကြောင်းသိရပြီး  ၊ အဆိုပါ ဇာတ်ကားသည် မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံ များအထိပါ ပြသနိုင်ရန် ရည်ရွယ်ချက်ကောင်းများဖြင့် ရိုက်ကူးသော ဇာတ်ကားဟုသိရသည် ၊ယင်းဇာတ်ကားအတွက် လိုသည့်နေရာ များကို မျက်နှာသစ်သရုပ်ဆောင်များအား ရွေးချယ်ပြီးရိုက်ကူးခဲ့ရာ သရုပ်ဆောင်ထူးပြည့်အောင် ကိုရွေး ချယ်ခဲ့ကြောင်း သိရပြီး ၊ဇာတ်ကားရိုက်ကူးမှုကို  ယခုနှစ် (၇) လပိုင်းက စတင်ခဲ့ကြောင်း သိရသည်။

 

 "ပြိုင်ပွဲ မှာ ဝင်ပြိုင်ပြီး ရွေးချယ်ခြင်း ခံရတာပါ ခင်ဗျာ၊ ကျွန်တော့် အနေနဲ့ ဒီကားကြီးထဲမှာ  ရောဂါသည် အမေ နဲ့ ချစ်သူ ကောင်မလေး ကြားမှာ ဗျာများ နေရတဲ့ ဆရာဝန် လူအေးတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင် ထားတာပါ ၊ ဇာတ်ကားထဲမှာက ကျွန်တော် ပါဝင်ရတဲ့ အခန်းနည်းပေမယ့် ခက်ခဲမှုကတော့ ထွေထွေထူးထူးတော့ ရှိပါဘူးဗျာ။ ဒါပေမယ့်ကျွန်တော် ခေါင်းစောင့် တာတို့ ဒူးထောက်လဲ တာတို့ က တကယ်ကို စောင့်မိသွားတာဆိုတော့နောက်တစ် Scene မရိုက်ခင်ရေခဲတွေ ကပ်ရကြပ်ထုပ်ထိုးရ တာတွေ တော့ ရှိခဲ့ပါတယ်..၊ ဒီကားကြီးရဲ့  အဓိက ရည်ရွယ်ချက် ကတော့ ကလေးတွေ နဲ့ အမျိုးသမီးတွေကို ကျူးလွန် ဖျက်စီးခြင်းမှ ကင်းဝေးဖို့အတွက် ပညာပေးထားတဲ့ ဇာတ်ကားပါ ၊... ဇာတ်ကားကတော့ရသ တော်တော် များများ ပေးနိုင်မယ့် ဇာတ်ကားမျိုးပါ။ အဓိက ကတော့ Drama ဇာတ်ပါ။ အဲ့မှာ ဝမ်းနည်းစရာ ကြောက်စရာ ထိတ်လန့်စရာ တစ်ခါ တစ်ရံ လည်း ရယ်စရာ လေးတွေနဲ့ ရသစုံပေးနိုင်မယ့် ဇာတ်ကားကောင်း တစ်ကားပါ။

 

ကျွန်တော် " ဟစ်တိုင်" ကားကြီးမှာ ပါဝင်ဖို့ မျက်နှာသစ် သရုပ်ဆောင် ရွေးပွဲသွားပြိုင်တော့ ၊သူတို့ဘက်က ရုပ်ရည် ၊ သရုပ်ဆောင်ပညာ ၊  အသံပီသမှု ၊ ဆက်ဆံရေးကောင်းမွန်မှု ၊ နာခံမှု ၊ ကြိုးစားမှုစတဲ့ အချက် တွေကို ကြည့်ပြီးရွေးချယ်တာပါ ၊ပြိုင်ပွဲပြီးလို့ ဇာတ်ကားရိုက်တဲ့အခါမှာလည်း အမှတ်တရတွေအများ ကြီးရခဲ့ တယ်၊ ဆင်ဖြူကျွန်း ပြည်တော်ပြန် အာရုံခံ ဘုရားရှေ့ မှာ ရိုက်တာတော့ အမှတ်တရ အဖြစ်ဆုံးပါ။ ဘာလို့လဲဆိုတော့ Lighting လုပြီး ရိုက်ရတယ်။ ပြီးတော့ လာကြည့်နေကြတဲ့ လူတွေက ရာနဲ့ ချီမယ် ထင်တယ်၊ လူသံတွေရယ် နောက်ပြီး လမ်းမကြီး ဘေးဆိုတော့ဆိုင်ကယ် သံ၊ ကားသံ တွေ ကြားအတော်ကို ရိုက်ခဲ့ရတာက တကယ့်အမှတ်တရ ပါဗျာ ၊ပြီးတော့  ကျွန်တော့် အတွက်ကတော့ ဝါရင့်တွေနဲ့ တွဲရတာ အရမ်းကို ကံကောင်းပါတယ်၊ကျွန်တော်တို့ ဇာတ်ကား ရိုက်ကူးနေသမျှ တစ်လျှောက်လုံး ကို ကျွန်တော် Shooting မှာ နေ့တိုင်း ရှိတယ်။ နေရာတိုင်းမှာ လူတိုင်းဆီမှာ ယူစရာ ညာတွေချည်းပါပဲဗျာ၊ မအူဝဲဆိုလည်း အချိန်ရရင်ရသလို အများကြီးကို သင်ပေးပါတယ်။ Dialogue Flow တွေကအစ မျက်နှာအမူရာ မျက်လုံးကို ဘယ်လို ကြည့်လိုက်မယ် အထိ တကယ်ကို ပညာတွေ အများကြီး ရပါတယ်" ဟု ပြောဆိုသည်။

 

ကိုလင်း