မန္တလေး ၁၃ သြဂုတ်
မန္တလေးမြို့တွင် ကျင်းပလျက်ရှိသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတီးဝိုင်းအဖွဲ့မှ တေးဂီတဖြင့် ဖျော်ဖြေရာပွဲတော်လာပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။
တေးဂီတဖျော်ဖြေပွဲတွင် ဧည့်သည်အဆိုတော်များဖြစ်ကြသည့် ဂျေမောင်မောင်၊ မီမီဝင်းဖေ၊ အောင်ထက်နှင့် တက္ကသိုလ်လဲ့လဲ့နှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရတေးသံရှင်များဖြစ်ကြသည့် မေသူကျော်၊ ကြူကြူခိုင်၊ ဖြူလှ၊ စဖေါင်၊ မေသဇင်၊ ဇင်သူဇာထွန်း၊ A ဒေး၊ ဖုန်းဝေသွင်၊ R ဝါလင်း၊ လင်းသစ်၊ စလားတို့ ပါဝင်ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေပွဲသို့ မန္တလေးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား မိဘများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေးငယ်များ အပါအဝင် ဒေသခံ မိဘပြည်သူများမှ ပျော်ပျော်ပါးပါး လာရောက်ကြည့်ရှုကြပြီး လူငယ်ဘက်စုံပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
(အောင်မင်းဟန်)