mdn

မိတ္ထီလာ  ၁၅ သြဂုတ် 

 

မိတ္ထီလာတက္ကသိုလ်တွင် အနုပညာအသင်းမှ ကြီးမှူးကျင်းပသည့် ဂီတပဒေသာပွဲတော်နှင့် သီချင်းဆိုပြိုင်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားတွင်      ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ် အနု ပညာ အသင်းဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာမာလာသိန်း (ပထဝီဝင်ဌာန) က  အဆိုပါ ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိ်ုင်ရေး ပါဝင်ကူညီကြသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကျောင်းသူ/သားများက ဆီမီး ကန်တော့ခန်းဖြင့် တင်ဆက်ဖျော်ဖြေပြီး သီချင်းဆိုပြိုင်ပွဲဝင် ကျောင်းသူ/သား ၁၂  ဦးက  လှမ်းလာခဲ့ပါအဆွေ မိတ္ထီလာ တက္ကသိုလ်မြေ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ 

 

ယင်းပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူ/သားများက ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ အိုးစည်ဒိုးပတ်အက၊  ရှမ်းတိုင်းရင်းသားအက၊ ကရင်ရိုးရာဒုံးယိမ်းအက၊ လက်ပံကောက်ချိန် တေးသရုပ်ဖော်၊ တိုင်းရင်း သား စုပေါင်းအကများဖြင့် ကပြဖျော်ဖြေပြီး  သီချင်းဆိုပြိုင်ပွဲဝင် ကျောင်းသူ/သား ၁၂ ဦးက ရွေးချယ်ထားသည့် တေးသီ ချင်းများဖြင့် သီဆိုဖျော်ဖြေသည်။ 

 

သီချင်းဆိုပြိုင်ပွဲဝင်များကို ဒိုင်များ၏ အကဲဖြတ်အမှတ်နှင့် ပရိသတ်၏ မဲကတ်ပြားဖြင့် မဲပေးရွေးချယ်သည့် အမှတ်နှစ်ခု ပေါင်း၍ ပထမအဆင့် ၆ ဦး ၊ ဒုတိယအဆင့် ၃ ဦး ၊ တတိယအဆင့် Winner နှင့် Second Winner   နှစ်ဦးကို ရွေးချယ် ခြင်းဖြစ်ပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။ 

 

ချမ်းသာ  (မိတ္ထီလာ)