ရန်ကုန် ၁၈ သြဂုတ်
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ၈၈၈၈ လူထုအုံကြွမှု ဓာတ်ပုံပြပွဲ (8888 The Uprising Photo Exhibition) ကို ယနေ့နံနက်ပိုင်းက ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်း၌ ခင်းကျင်း ပြထားရာ ဓာတ်ပုံချစ်မြတ်နိုးသူများ စာရေးဆရာ ပန်းချီဆရာ စာပေစာနယ်ဇင်းအသီးသီးမှ ပညာရှင်များ လာရောက် ကြည့်ရှုလျက်ရှိသည်။
"အများပြည်သူတွေကြည့်ရှုစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြသပေးခြင်းဖြစ်ပါတယ်။တချို့ဆိုရင် မွေးတောင်မမွေး သေးဘူး။နောင်လာနောက်သားတွေမျက်မြင် အထောက်အထားပုံတွေနဲ့ ကြည့်ရှုနိုင်ဖို့ ပြသပေးခြင်းဖြစ်ပါ တယ်။ အဲဒီအချိန်တုန်းက နေရာအနှံ့မရောက်ဖြစ်ခဲ့တဲ့သူတွေလည်း ရှိတယ်။နှစ် ၃၀ ကြာပြီဖြစ်တဲ့ ဒီဓာတ်ပုံ တွေဟာ မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုရဲ့ သမိုင်းအထောက်အထားတွေဖြစ်ပါတယ်"ဟု ဓာတ်ပုံဆရာဦး ထိန်ဝင်း က ပြောသည်။
အဆိုပါပြပွဲတွင် ရှစ်လေးလုံးအရေးအခင်းကာလက ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်တွင် လူထုအစည်းအဝေး ကျင်းပပုံများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ အစာငတ်ခံ ဆန္ဒပြနေပုံများ ၊ အနုပညာရှင်များ ဒီမိုကရေစီအရေး ဟောပြောနေပုံများ၊ ရန်ကုန်မြို့ လမ်းများပေါ်တွင် ဆန္ဒပြနေပုံများ အဓိက ပါဝင်ပြထားသည်။
ယဓာတ်ပုံပြပွဲကို ယနေ့ သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်း ပြထားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြင့်မောင်